စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အာဏာသိမ်းကာလ အစောပိုင်းက CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီရေးအတွက် ဖွဲ့စည်းခဲ့တဲ့ CDM Support team အဖွဲ့ဝင်တွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး လက်ရှိအထိ (၁၃) ဦး ဖမ်း ဆီးခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီအဖွဲ့ဝင်တွေဟာ လက်ရှိမှာ CDM ဝန်ထမ်းတွေကို ဆက်လက် ထောက်ပံ့နေတာ မရှိတော့ပေမယ့် စစ်ကောင်စီက ဒေသတွင်းရဲတပ်ဖွဲ့ကို အသိမပေးဘဲ စီမံချက်ချ ဆက်တိုက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တမူးရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။…
Read More