မြန်မာပေါင်ချိန်ဖိနပ်စက်ရုံနဲ့ အဲ့ဒီစက်ရုံက အလုပ် ထုတ်လိုက်တဲ့အလုပ်သမားတွေ နှစ်ဘက်အငြင်း ပွားမှုကိုစုံစမ်းနေဆဲကြားကာလအတွင်း လစာပေးထါးဖို့ Adidasကုမ္ပဏီက စက်ရုံကိုမှာထားတယ်လို့ အဲဒီအလုပ်သမားတွေဆီကသိရပါတယ်။ လက်ရှိမှာ အလုပ်ထုတ်ခံထားရမှုနဲ့ပတ်သက်လို့ အလုပ်ရှင်၊အလုပ်သမားနှစ်ဘက်ဥပဒေကြောင်းနဲ့ရင်ဆိုင်နေသလို Adidasကုမ္ပဏီကလည်းစုံစမ်းစစ်ဆေးမှုလုပ်နေတဲ့အချိန်ဖြစ်တာကြောင့် နောက်ဆုံးအဆုံးဖြတ်အဖြေမထွက်မချင်းလစာပေးထားဖို့ မှာကြားထားတဲ့အကြောင်း ကုမ္ပဏီကအသိပေးထားတယ်လို့ဆိုပါတယ်။ “အလုပ်ထုတ်ခံရတဲ့လအတွက်လစာကိုတော့ ဘဏ်ကတ်ထဲထည့်ပေးတယ်၊ပြီးခဲ့တဲ့လအတွက်လစာတော့ရမရမသိသေးဘူး၊adidasကတော့စက်ရုံကိုလစာပေးဖို့ပြောထားတယ်ဆိုပြီးအလုပ်သမားတွေကိုအသိပေးထားတယ်”လို့ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတဦးကပြောပါတယ်။ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံကအလုပ်သမားတွေဟာ အောက်တိုဘာ လကုန်ပိုင်းက အနည်းဆုံးလုပ်ခတိုးပေးဖို့ စက်ရုံဧရိယာထဲမှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒီလိုဆန္ဒပြတောင်းဆိုတဲ့အထဲက ဦးဆောင်ပါဝင်တဲ့ အလုပ်သမား (၂၆)ဦးကို ခွင့်မဲ့ပျက်ကွက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်က နေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။…
Read MoreAdidas ကုမ္ပဏီထုတ် အားကစား အဝတ်အထည်တွေကို ချုပ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံက အထည်ချုပ် ဝန်ထမ်းတွေရဲ့ တစ်နေ့ လုပ်ခဟာ ၃ ဒေါ်လာတောင် မပြည့်ပါဘူး။ စက်ရုံ ပိုင်ရှင်ကို လစာတိုးတောင်းမိရင် အလုပ်ပါ အထုတ်ခံရတတ်တယ်လို့ တချို့က ပြောပြပါတယ်။ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနေပြီး သန်းပေါင်းများစွာသော ပရိသတ်တွေက သူတို့ နှစ်သက်ရာ ဘောလုံး အသင်းတွေရဲ့ ဂျာစီတွေကို ဝယ်ယူ အားပေးကြပါတယ်။ အခုနှစ်…
Read More