ဒေသအလိုက် သတင်းကဏ္ဍ

မိုးအဆက်မပြတ်ရွာတာကြောင့် လောင်းလုံးမြို့ပေါ်နဲ့ အနီးတဝိုက် ရေကြီးမှုဖြစ်

ဇူလိုင် ၊ ၂၃ မိုးအဆက်မပြတ်ရွာတာကြောင့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က ရပ်ကွက်တချို့နဲ့ မြို့အရှေ့ဘက် ပြင်းထိန်ရွာမှာ ဒီကနေ့ ဇူလိုင်လ ၂၃ ရက် မနက်အစောပိုင်းကပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကနေသိရပါတယ်။ “မိုးကမနေ့ ညနေကတည်းကရွာတာ မနက်အထိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာလက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံခြောက်ဦးထက်မနည်းကို စစ်တပ်ကပစ်ခတ်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်တချို့ကို စစ်ကောင်စီတပ်ကအင်အားအများအပြားနဲ့ဝိုင်းပြီး ဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ခြောက်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ဒီဇင်ဘာ ၂၂ရက် ညပိုင်းက ထားဝယ်မြို့ကနေ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားလေးစီးနဲ့ မြို့နယ်ရဲစခန်းကိုရောက်ရှိလာပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့မှာ ဘန်နာချိတ်ဆွဲ ဆန္ဒပြချိန် ပျူစောထီးတွေက သေနတ်ပစ်ဖောက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာ နိုဝင်ဘာ (၁၉) ရက် ဒီကနေ့မနက်ပိုင်းမှာ သပိတ်အဖွဲ့ဝင်တွေက ဘန်နာချိတ်ဆွဲဆန္ဒပြနေချိန် ပျူစောထီးတွေက သေနတ်ပစ်ဖောက်တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ “ကျွန်တော်တို့ ချိတ်ဆွဲတဲ့အခါမှာ အဲ့ဒီအနီးအနားမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့မှာစစ်တပ်က ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေ၊ဒေသခံရှစ်ဦးထက်မနည်း ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် ရပ်ကွက်တွေက နေ အိမ်တွေကိုစစ်ကောင်စီတပ်တွေက အောက် တိုဘာ (၂၁) ရက် ညပိုင်းမှာ စစ်ဆေးတာတွေလုပ်ခဲ့ပြီးနောက် ဒေသခံ ရှစ်ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ အခြေခံပညာ ကျောင်းသားများသပိတ်ကော်မတီ (လောင်းလုံးမြို့နယ်) ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။ “ညနေခြောက်နာရီလောက်ကတည်းက စစ်ကောင်စီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့တိုက်တွန်းခဲ့တဲ့ လောင်းလုံမြို့က နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံမြို့မှာ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ(ထားဝယ်) က ဦးဆောင်ပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး “နှင်းဆီ ရောင်အမျိုးသမီးထုလှုပ်ရှားမှ” ကို ဒီကနေ့ စက် တင်ဘာ (၁၄)ရက် မနက်ပိုင်းကပြု လုပ်ခဲ့ကြပါ တယ်။ အဲ့ဒီ လှုပ်ရှားမှုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမှာ ဒေသခံ သက်ကြီးပိုင်း ၃ ဦးကို အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်ဓားပြတိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာမှာ မနေ့က ဇွန်လ ၂၆ ရက်၊ ည ၁၁ ခွဲခန့်မှာ အသက် ၆၁ နှစ်အရွယ် လင်မယားနှင့်အတူ ဂေါ့အင်းကျေးရွာရှိ အသက် ၅၀ ကျော်အရွယ် အမျိုးသား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံမှာ”မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”စာသားကိုင်ဆောင်ဆန္ဒပြ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အကြိုအထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့မှာ စစ်အုပ်စုက ရမ်းကားနေတာကြောင့် ညမထွက်ဖို့ PDF တွေ သတိပေး

တနင်္သာရီတိုင်း လောင်းလုံးမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ ပျူစောထီးတွေဟာ ပြည်သူတွေကို လမ်းမပေါ်မှာတင် သတ်ဖြတ်တာအပြင် နေအိမ်တွေအတွင်းပါ ဝင်ရောက် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ည၈နာရီကနေ မနက် ၄ နာရီအတွင်း ပြည်သူတွေ အပြင်မထွက်ကြဖို့ PDF တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အောင်လံထူချိန်နီးပြီမို့ ပြည်သူအားလုံးထကြွစို့” စာသားကိုင် ဆန္ဒထုတ်ဖော်

ဒီနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများသမဂ္ဂနဲ့ လူငယ်တွေ ပူးပေါင်းပြီး “အောင်လံထူချိန်နီးပြီမို့ ပြည်သူအားလုံး ထကြွစို့” ဆိုတဲ့ ဘန်နာကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

“စစ်ကျွန်ပညာရေး အလိုမရှိ” ခေါင်းစဉ်နဲ့ ကျောင်းသားယူနီဖောင်းဝတ်ပြီး ဆန္ဒပြ

ဒီနေ့ ဧပြီလ ၅ ရက်နေ့က ထားဝယ်ခရိုင် လောင်းလုံးမြို့အတွင်း “စစ်ကျွန်ပညာရေး ဖြိုဖျက်ကြ ပြည်သူ (သခင်) ပညာရေး ထူထောင်ကြ” ခေါင်းစဉ်နဲ့ ကျောင်းသား ယူနီဖောင်းတွေဝတ်ပြီး လောင်းလုံးမြို့နယ် အ‌ခြေခံပညာကျောင်းသားတွေ လမ်းပေါ်ထွက်လာခဲ့တာပါ။ အကြမ်းဖက်စစ်အုပ်စု ကျင်းပနေတဲ့ [ဆက်လက်ဖတ်ရှုရန်]