လောင်းလုံးမြို့မှာစစ်တပ်က ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေ၊ဒေသခံရှစ်ဦးထက်မနည်း ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် ရပ်ကွက်တွေက နေ အိမ်တွေကိုစစ်ကောင်စီတပ်တွေက အောက် တိုဘာ (၂၁) ရက် ညပိုင်းမှာ စစ်ဆေးတာတွေလုပ်ခဲ့ပြီးနောက် ဒေသခံ ရှစ်ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ အခြေခံပညာ ကျောင်းသားများသပိတ်ကော်မတီ (လောင်းလုံးမြို့နယ်) ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

“ညနေခြောက်နာရီလောက်ကတည်းက စစ်ကောင်စီ တပ်သားတွေခြေရှုပ်နေကြပြီး တအိမ်ဝင်အိမ်ထွက်လို က်စစ်တာ၊လောင်းလုံးမြို့ပေါ်မှာနေရာအနှံ့လိုက်ဖမ်းဆီးတာပါ”လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လောင်းလုံးမြို့ပေါ် ရပ်ကွက် တွေကို အင်အားအလုံးအရင်း နဲ့ဝင်ရောက်စစ်ဆေးခဲ့ တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို လောင်းလုံးမြို့မရဲစ ခန်းထဲ ခေါ်သွားတယ်လို့လည်း ဆိုပါတယ်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာမသိရသေးဘူး၊အခုထိလည်း ပြန်မလွှတ်သေးဘူး”လို့ လောင်းလုံး ဒေသခံတစ်ဦးက ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေက လောင်းလုံ းမြို့ပေါ်ရပ်ကွက်တွေကို အဓိကထားပြီးရှာဖွေ ဖမ်းဆီး တာတွေ ဆက်လုပ်ဖို့ ပြင်ဆင်နေတာတွေရှိနေ တယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။

လောင်းလုံးမြို့နယ်ဟာ မြို့ပေါ်ရပ်ကွက်လေးခုသာရှိတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

လတ်တလောကာလအတွင်း လောင်းလုံးမြို့ပေါ်မှာ ပစ် ခတ်တိုက်ခိုက်မှု ဖြစ်စဥ်တွေမရှိပေမယ့် မြို့နယ်အတွင်း ဒေသတချို့မှာတော့ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှု တွေမကြာမကြာရှိနေပါတယ်။