ဒေသအလိုက် သတင်းကဏ္ဍ

ငွေသိန်း၂ထောင်ကျော်တင်လာတဲ့ UABဘဏ်ကားကို ဒါရိုက်ဘာက မောင်းယူထွက်ပြေး

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ယူနိုက်တက်အမရာဘဏ် UABမှာ ကားဒါရိုက်ဘာက ငွေလွှဲသိန်း ၂ထောင်ကျော် တင်ဆောင်လာတဲ့ ဘဏ်ပိုင်ကားတစ်စီးကို မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဘဏ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဒီကနေ့ မေလ ၃ရက်နေ့ နေ့လည်ပိုင်းမှာ ကုမ္ပဏီတစ်ခုမှ မြိတ်မြို့ကို ငွေကျပ် ၂၁၉၅သိန်းလွှဲဖို့ရှိတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်သာယာမြို့နယ် ပီမိုးနင်းလမ်းထောင့်မှာ ပစ်ခတ်မှုဖြစ်ပွာ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ပီမိုးနင်းလမ်းထောင့် ရွှေစံအိမ် လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၃ရက်နေ့ မနက် ၉နာရီ မိနစ် ၂၀လောက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရွှေစံအိမ်လက်ဖက်ရည်ဆိုင်အတွင်းမှာ ထိုင်နေသူတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြံ့ဖွံ့အမတ်လောင်း သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ သန်လျင်မြို့မှာ ကြံ့ဖွံ့ပါတီ အမတ်လောင်းတစ်ဦးဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ ဦးရန်နိုင်ရွှေကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၁ရက်နေ့ ညနေ ၆နာရီလောက်က ဆံပင်ညှပ်ဆိုင်တစ်ခုအတွင်း ဆံပင်ညှပ်နေတဲ့ ဦးရန်နိုင်ရွှေကို သန်လျင်ပကဖက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလမြို့နယ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ ဒလမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁ရက်နေ့ ည ၇နာရီလောက်က လူမိုက်ကရင်ဆိုသူကို ဒလ တွံတေးကားလမ်း ကျန်းမာရေးဝန်ထမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်နဲ့ ဓာတ်တိုင်အချို့ လဲကျ

ရန်ကုန်မြို့မှာ ဒီကနေ့ ဧပြီလ ၃၀ရက်နေ့ ညနေ ၃နာရီလောက်ကစလို့ နေရာကွက်ကြား မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သစ်ပင် သစ်ကိုင်းအချို့ ကျိုးကျကာ ဓာတ်တိုင်အချို့ လဲပြိုခဲ့တယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေက ပြောပါတယ်။ သင်္ကန်းကျွန်းမြို့နယ် သံသုမာလမ်းမပေါ်မှာ မိုးရွာသွန်းပြီးနောက် ဓာတ်တိုင်အချို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ”စာသားကိုင်ဆောင်လှုပ်ရှားမှုပြုလုပ်

မေလ ၁ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာ အလုပ်သမားနေ့(Mayday)ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ ဧပြီလ ၃၀ရက်နေ့မှာ “အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ” စာသားကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကိုSC strike (စမ်းချောင်းပင်မသပိတ်စစ်ကြောင်း) , LGBT community Yangon [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရှေ့ပိုင်းတက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်တဦးနဲ့ ကျောင်းသား၂ဦးဖမ်းဆီးခံရ #ရန်ကုန်

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ရရတကသ) အဖွဲ့ဝင်တစ်ဦး၊ ကျောင်းသား ၂ဦးအပါအဝင် အသက်မပြည့်သေးတဲ့ ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးခဲ့တယ်လို့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ EYUSU က ဒီကနေ့ ဧပြီလ ၂၉ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ “သံပူခိုက် အားစိုက်ထုနှက်ကြ” စာသားကိုင်ဆောင် လှုပ်ရှားမှုပြုလုပ်

ဒီနေ့ရန်ကုန်မြို့မှာ “သံပူခိုက် အားစိုက်ထုနှက်ကြ” စာသားကိုင်ဆောင်ပြီး ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS တို့ဦးဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ဗကသများ အဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂတွေဖြစ်တဲ့ ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ် ကျောင်းသားများသမဂ္ဂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လမ်းသွားလမ်းလာပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်အုပ်စု ဗုံးနှစ်ကြိမ်ထိ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်နဲ့ ဗိုလ်ချုပ်မှတ်တိုင်မှာ ပြည်သူတွေမောင်းနှင်လာတဲ့ ဆိုင်ကယ်တွေကို လုယက်ဖမ်းဆီးနေတဲ့ စစ်အုပ်စုနဲ့ ရွှေပြည်သာတံတားအဆင်းမှာ ဆိုင်ကယ်တွေကို လုယက်ဖမ်းဆီးနေတဲ့ စစ်အုပ်စုကို From Zero To Hero အဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

သတင်းဆောင်းပါး

တရားဥပဒေမဲ့ ရန်ကုန်လမ်းမများ

ရန်ကုန်မြို့က ယာဥ်တိုက်မှုတွေမှာ တရားခံ ဖမ်းမမိတဲ့ဖြစ်စဥ်တွေ များလာနေပါပြီ။ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးရမယ့် စစ်သားနဲ့ရဲတွေကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်နေပြီး တနိုင်ငံလုံးမှာလည်း တရားဥပဒေစိုးမိုးရေး မရှိသလောက်ယိုယွင်းလာနေတာပါ။ ဒီလို ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို DNA ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ [ဆက်လက်ဖတ်ရှုရန်]