နိုင်ငံရေး

ဖယ်ခုံမြို့တိုက်နယ်ဆေးရုံကို စစ်ကောင်စီဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံး

မတ်၊ ၂၂   ကရင်နီပြည်(ကယား)၊ ဖယ်ခုံမြို့နယ် လအိတိုက်နယ်ဆေးရုံကို ဒီကနေ့ မတ် ၂၂ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွိုင်ကော်အနီး တိုက်ပွဲတွေကြောင့် ယာဉ်တချို့ ပိတ်မိနေပြီး ခရီးသည်တွေ ဖယ်ခုံမှာ သောင်တင်

နိုဝင်ဘာ ၁၃   ကရင်နီ (ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့အနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လွိုင်ကော်ကိုသွားမယ့် ခရီးသည်တင်ကားတချို့ ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်မှာ ပိတ်မိနေတာ သုံးရက်ရှိပြီလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်နီမှာ ရေကြီးလို့ စစ်ရှောင်တွေအပါအ၀င် လူနှစ်ထောင်၀န်းကျင် အရေးပေါ်ရွေ့ပြောင်းနေရ

အောက်တိုဘာ၊ ၁၃   ကရင်နီ (ကယား)ပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် လွိုင်ကော်မြို့နယ်အတွင်းက စစ်ရှောင်တွေအပါအဝင် လူဦးရေ နှစ်ထောင်လောက် အရေးပေါ်ရွှေ့ပြောင်းခဲ့ကြရသလို မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ် ဒေသခံတွေလည်း အခြေအနေ စောင့်ကြည့်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။   မိုးအဆက်မပြတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ခုံက ကျေးရွာတချို့မှာ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

အောက်တိုဘာ ၊ ၁၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ တိကျိတ်ကျေးရွာအုပ်စုထဲက တချို့သောကျေးရွာတွေမှာ အရေပြားကူးစက်မှုရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေတယ်လို့  ကယန်းအမျိုးသမီးအစည်းအရုံး(KWO)က DNA ကိုပြောပါတယ်။ ” သူကယားယံတာကနေစတာ။ ယားယံပြီးတော့မှကုတ်ရင်း ခြစ်ရင်းကနေပြီးတော့ အနာတွေ၊အဖုသေးသေးလေးတွေထွက်တယ်။ ပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖယ်ခုံမြို့နယ်ထဲ တလကျော်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံး

ဇူလိုင်၊ ၁၄   ရှမ်း-ကရင်နီ (ကယား)ပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းက ခေါင်အိရွာ နဲ့ စက်တော်ရွာ တွေဘက်မှာ ဇွန်လအစကနေ အခုဇူလိုင်လ ၁၄ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၉ ဦး သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖယ်ခုံကရွာနှစ်ရွာဗုံးကြဲခံရလို့ သုံးဦးဒဏ်ရာရပြီး ဆယ်နှစ်အရွယ်ကလေးစိုးရိမ်ရ

မေ၊ ၆   ရှမ်းကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ လန်းကောကျေးရွာနဲ့ ဘူးဖျားကျေးရွာတို့ကို စစ်ကောင်စီက ဒီနေ့မနက် လေးနာရီဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ်ကလေးတဦးအပါအဝင် အရပ်သားသုံးဦးဒဏ်ရာရပြီး ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ဖယ်ခုံမှာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်လို့ ကျေးရွာ သုံးရွာကအိမ်အများအပြားပျက်စီး

မေ ၊ ၅ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊  ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာသုံးရွာကို တိုက်ပွဲဖြစ်ပွားမှု မရှိပဲ ဒီကနေ့မှာ စစ်တပ်က တိုက်လေယာဉ် ၂ စီးနဲ့ ပေါင်ငါးရာဗုံး ၂၃ ကြိမ်ထက်မနည်းကြဲချတိုက်ခိုက်ခဲ့တယ်လို့ကရင်နီအမျိုးသားကာကွယ်ရေးတပ်  KNDF ထံကသိရပါတယ်။ အဲဒီလိုတိုုက်ခိုက်မှုကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖယ်ခုံ၊ ဆောင်းဖွေးရွာက လူထုအခြေပြုဆေးပေးခန်းကို ဗုံးကြဲလို့ ဆေးကုနေသူသုံးဦး ဒဏ်ရာရပြီး တဦးစိုးရိမ်ရ

ဧပြီ၊ ၂၅   ကရင်နီ (ကယား)ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အနောက်ခြမ်း ဆောင်းဖွေးကျေးရွာက လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတခုကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရပြီး တဦးအသက်အန္တာရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။   တိုက်ပွဲဖြစ်နေတာမရှိတဲ့ ဖယ်ခုံမြို့အနောက်ခြမ်းကို စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဖယ်ခုံမှာ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်လို့ ဆယ်တန်းကျောင်းသား နဲ့ညီဖြစ်သူ နှစ်ဦးသေဆုံး

မတ်၊ ၂ ကယားပြည်နယ်၊ဖယ်ခုံ အထိုင်စစ်ကောင်စီတပ်ရင်းရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်ညပိုင်းမှာပဲ ေခါင်အိကျေးရွာအုပ်စုတွင်း ဘုန်းကြီးကျောင်းမှာစာကျက်နေတဲ့ လူငယ်နှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေဟာ ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားတဦးနဲ့ သူရဲ့ညီဖြစ်သူ၁၅ နှစ်အရွယ်ကလေးငယ်တဦးဖြစ်ပြီး ၈ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဖယ်ခုံမြို့က ရွာတစ်ရွာမှာ လူဦးရေထက်ဝက်လောက် ဝမ်းရောဂါဖြစ်၊ ခုနှစ်လအရွယ် ကလေးငယ်တစ်ဦး သေဆုံး

ကယားပြည်နယ်၊ ဖယ်ခုံမြို့အနောက်ဘက်က အိမ်ထောင်စု၅၁စု၊ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာမှာ လူဦးရေရဲ့တဝက်နီးပါးဟာ ဝမ်းရောဂါခံစားနေရပြီး အခုရက်ပိုင်းမှာ အဲဒီရောဂါကြောင့် (၇)လအရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က DNA ကိုပြောပါတယ်။ “တော်တော်များများ ကလေးတွေက ကိုယ်တွေပူပြီး [ဆက်လက်ဖတ်ရှုရန်]