ဒေသအလိုက် သတင်းကဏ္ဍ

ညောင်ခါးရှည် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံနှစ်ဆယ်ဝန်းကျင် ဖမ်းဆီးခံရ

မေ၊ ၁ ပဲခူးတိုင်း၊ဝေါမြို့နယ်က ညောင်ခါးရှည်ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံထားရသူတွေထဲက (၁၅) ဦးလောက်ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ “ ဖမ်းခံရတဲ့သူတွေက ၂၀ ကျော်တယ်၊ အားလုံးပေါ့နော်၊ အခု ပြန်လွှတ်လိုက်တာ၊ ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝေါမြို့ကရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနုတ်ထွက်ဖို့ပီဒီအက်ဖ်က သတိပေးပြီးနောက် လုံခြုံရေးတင်းကျပ်

မတ်၊ ၃၁ ပဲခူးတိုင်း ၊ဝေါမြို့နယ်အတွင်းကရပ်ကွပ်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုတပတ်အတွင်းနုတ်ထွက်ဖို့ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးခဲ့ပြီးနောက်မြို့တွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတွေကိုစစ်ကောင်စီတပ်နဲ့ရဲအဖွဲ့တွေကနေ့ရောညပါကင်းပုန်းဝပ်စောင့်ကြပ်ပြုလုပ်နေတာအပြင်လုံခြုံရေးအရစစ်ဆေးတင်းကြပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ ” ရပ်ကွက်အုပ်ကြီးအိမ်တွေရယ်ရုံးနေရာတွေမှာ ရဲတွေအရပ်ဝတ်တွေနဲ့လုံခြုံရေးယူထားတာတွေ့ခဲ့ရတယ်။စစ်တပ်တချို့ကိုလည်းတွေ့တယ်။ အသတ်ခံရမှာကြောက်လို့လုပ်တဲ့သဘောလို့ပဲမြင်မိပါတယ်” လို့ဒေသခံတဦးကပြောပါတယ်။ ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်ကွက်၊ ကျေးရွာအုုပ်ချုပ်ရေးမှူးတွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားနုတ်ထွက်ဖို့နဲ့ မနုတ်ထွက်ရင် စစ်ကောင်စီနဲ့ပူးပေါင်းသူအဖြစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNUနယ်မြေအတွင်း စစ်ကောင်စီက တရက်တည်းဗုံးအလုံးသုံးဆယ်နီးပါး လေကြောင်းကကြဲချ

မတ်၊ ၂၂ ပဲခူတိုင်းအရှေ့ခြမ်းအတွင်းရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီက တရက်တည်း လေကြောင်းတိုက်ခိုက်မှုကိုးကြိမ်ပြုလုပ်ကာ ဗုံး(၂၈)လုံးကြဲချခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ၊ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေထဲ မတ်လ(၂၀)ရက် ညပိုင်းမှာ အဲ့ဒီလိုဗုံးကြဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ကြီးမှာ ကားမိုင်းကြောင့် အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးခဲ့

မတ်၊ ၂၁ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်မှာ ခရီးသွားယာဉ်တစီးကာမိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက DNA ကို ပြောကြားပါတယ်။ ကျောက်ကြီးမြို့မှနတ်သံကွင်းကျေးဘက်ကိုမောင်းနှင်လာတဲ့”ဝင်းရတနာ”ယာဉ်လိုင်းကLight Truck ခရီးသည်တင်ယာဉ်ဟာမတ်လ ၂၀ ရက်၊ မနက် ခြောက်နာရီခွဲကျော်မှာညောင်ကုန်းတံတားအနီးရောက်ရှိစဉ် ကားမိုင်းတစ်လုံးကိုနင်းမိခဲ့တယ်လို့ သိရပါတယ်။ ့ကားမိုင်းပေါက်ကွဲခဲ့ပြီးခရီးသည်တွေဖြစ်တဲ့အသက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်မြို့စစ်ထောက်လှမ်းရေးရုံးမှာ လက်နက်ခဲယမ်းတွေသယ်ယူနေချိန် ပေါက်ကွဲမှုဖြစ်ပြီး သုံးဦးသေ

မတ်၊ ၁၃ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ စစ်တပ်ထောက်လှမ်းရေးရုံးမှာ မတ်လ (၁၂)ရက် မနေ့ ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်နေရာချနေချိန် ပေါက်ကွဲမှုဖြစ်လို့ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တခုက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးရိုးမထဲစစ်ကြောင်းထိုးရာက စစ်ကားမှောက်လို့ အရာရှိနှစ်ဦးအပါအဝင်ခြောက်ဦးသေ

မတ်၊ ၃ ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ပဲခူးရိုးမထဲစစ်ကြောင်းထိုးဖို့လာရင်း စစ်ကားတိမ်းမှောက်ရာက ဗိုလ်မှူးတဦးအပါအ ဝင်ငါးဦးနေရာမှာပဲ သေဆုံးခဲ့သလို ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဗိုလ်ကြီးတဦး ဒီကနေ့ထပ်မံသေဆုံးသွားလို့ စုစုပေါင်းသေဆုံးသူ ခြောက်ဦးရှိသွားပြီလို့ ပဲခူးတိုင်းအခြေစိုက် စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တခုက DNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြောင့် တပတ်အတွင်းရွှေကျင်ဒေသခံ ခုနစ်ထောင်ကျော် စစ်ရှောင်နေရ

ဖေဖော်ဝါရီ၊ ၂၈ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် တပတ်အတွင်း ဒေသခံ ခုနစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေ တယ်လို့ စစ်ဘေးရှောင် အရေးကူညီနေသူတွေကပြောပါတယ်။ ရွှေကျင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဝေါမြို့က ကျေးရွာစစ်ဆေးရေးဂိတ်ပစ်ခံရပြီးနောက်ဒေသခံလေးဦးကိုဖမ်းဆီး

ဖေဖော်ဝါရီ၊ ၂၇ ပဲခူးတိုင်း၊ဝေါမြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး  ဘုရားပျို့ကျေးရွာရှိစစ်ဆေးရေးဂိတ်ပစ်ခတ်မှုမှာ စစ်ကောင်စီဖက်က ၂ဦးသေဆုံး၊၄ဦးဒဏ်ရာရပြီးနောက် ဒေသခံ လူငယ်၄ဦးကိုဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဝေါမြိ့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ဆေးရေးဂိတ် ကို မနေ့ ဖေ​ဖော်ဝါရီလ ၂၆ ရက်၊ည ၈ နာရီခွဲ အချိန်မှာ တိုက်ခိုက်ပြီးနောက် ဒီကနေ့ မနက်၁၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်တံခါးကရန်ကုန်-မန္တလေးလမ်းမပေါ်တံတားမိုင်းခွဲခံရပြီးနောက်ဒေသခံငါးဦးဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ကရန်ကုန်-မန္တလေး လမ်းမပေါ်တံတား မိုင်းခွဲခံရပြီးနောက်  အနီးအနားက ကျွန်းကုန်နဲ့ခင်ကြီးရွာတွေမှာနေ့စဥ် ဧည့်စာရင်းစစ်ဆေးနေတဲ့အပြင် ဒေသခံ ၅ ဦး ကိုလည်းဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတွေကDNA ကိုပြောပါတယ်။ ” ခင်ကြီးရွာက သုံးဦးရယ် ၊ကျွန်းကုန်ကနှစ်ဦး ကိုမြို့ကရဲစခန်းထဲဖမ်းခေါ်သွားတယ်။အကုန်လုံးကလူငယ်လူလတ်အရွယ်တွေချည်းပဲ။မေးစရာရှိလို့ဖမ်းခေါ်သွားတာ။အခုအထိပြန်မလွတ်သေးဘူး” လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာအသက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ကြီးကဒေသခံစစ်ရှောင် သုံးသောင်းကျော်လူမှုဘဝရပ်တည်ဖို့အခက်အခဲဖြစ်ပေါ်နေ

ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ်က ဒေသခံသုံးသောင်း ကျော်ဟာ စစ်ဘေးတိမ်းရှောင်ရတဲ့အချိန်ကာလကြာမြင့်နေတဲ့အတွက် စားဝတ်နေရေးအရအဆင်မပြေလာတဲ့အပြင် လူမှုဘဝရပ်တည်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ အဲဒီဒေသခံစစ်ဘေးရှောင်တွေဟာ၂၀၂၂ခုနှစ်၊ ဇွန်လမှာဖြစ်ပွားခဲ့တဲ့မုန်းဒေသ တိုက်ပွဲအတွင်း ကျောက်ကြီးမြို့ နယ်ထဲကိုစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့်စစ်တောင်းမြစ်ကမ်းနံဘေးနဲ့အနီးတဝိုက်ဒေသတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘေးလွတ်ရာကျေးရွာတွေတောင်တောင်တွေထဲမှာနေထိုင်ရတဲ့အပြင် နေရပ်ကိုမပြန်နိုင်တာကြောင့်စားဝတ်နေရေးအတွက်ခက်ခဲနေကြရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေကိုကူညီလုပ်ဆောင်ပေးသူတစ်ဦးကပြောပါတယ်။ “အခုအထိအိမ်ကိုမပြန်ရတာအချိန်ကြာပြီ။မီးရှို့ခံရတာနဲ့လက်နက်ကြီးမှန်တာဆိုတော့အိမ်တွေလည်းမရှိတော့ဘူးပေါ့။ သူတို့အတွက် စားဝတ်နေရေးအရအလုပ်အကိုင်တွေမရှိတော့အခက်အခဲတွေဖြစ်ကြရတယ်” [ဆက်လက်ဖတ်ရှုရန်]