ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့၊ စောမိညိုလမ်းထဲက နေအိမ်တွေဖျက်သိမ်းဖယ်ရှားပေးဖို့ စစ်ကောင်စီက ဖိအားပေးခံဝန်ထိုးခိုင်း

ဖေဖော်ဝါရီ ၊ ၁၇ လူနေအိမ်ငါးဆယ်လောက်အပြင် ဆန်စက်နဲ့ တခြားပွဲရုံ၊မွေးမြူရေးခြံတချို့ပါရှိတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းထဲက နေအိမ်တွေကို ငါးရက်အတွင်းအပြီးဖျက်ဖို့ စစ်ကောင်စီက မနေ့ကဖိအား ပေးခံဝန်ထိုးခိုင်းလိုက်တယ်လို့ အဲ့ဒီလမ်းကနေအိမ်ပိုင်ရှင်တချို့က DNAကိုပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတာဝန်ရှိသူတွေက စောမိညိုလမ်းမှာနေထိုင်သူတွေကို မနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး အရာခံဗိုလ်တဦးအပါအဝင် သုံးဦးသေဆုံး၊ အနီးအနားကလူငယ်နှစ်ဦးလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံး

ဇူလိုင် ၊ ၁၃  တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးမှာ  ဇူလိုင်လ ၁၂ ရက်၊ ညနေပိုင်းက  စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးလိုက်ပါလာတဲ့ ကားတစီးကို တိုက်ခိုက်ခဲ့ပြီး အရာခံဗိုလ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က သတင်းထုတ်ပြန်ပါတယ်။  ထားဝယ်မြို့နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့ခံအမျိုးသားတဦး အဖမ်းခံရပြီးနောက် လေးရက်အတွင်း စစ်ကြောရေးမှာသေဆုံးတယ်လို့ဆို

မေ၊ ၂၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်မှာနေထိုင်တဲ့  အမျိုးသားတဦးကို စစ်ကောင်စီတပ်တွေကမေလ ၁၅ ရက်နေ့မှာဖမ်းဆီးသွားပြီး နောက် လေးရက်အကြာမှာ စစ်ကြောရေးမှာသေဆုံးသွားတယ်လို့အကြောင်းကြားလာကြောင်းမိသားစုနဲ့ နီးစပ်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။  အသက် ၃၅ နှစ်အရွယ် ကိုကျော်သူရအောင်ကို စစ်ကောင်စီတပ်တွေကထားဝယ်မြိုု့တွင်းမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး မေလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ ဖိနှိပ်ပိတ်ဆို့မှုတွေကြောင့် ထားဝယ်မြို့အနီးကကျေးရွာတွေမှာ အလုပ်အကိုင်တွေခက်ခဲလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးတဝိုက်ကကျေးရွာတွေမှာစစ်ကောင်စီကပိတ်ဆို့စစ်ကြောင်းထိုးစစ်ဆေးနေတွေကြောင့် ဒေသခံတွေအလုပ်အကိုင်တွေ ကျပ်တည်းခက်ခဲလာတယ်လို့ဆိုကြပါတယ်။ ထားဝယ်မြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက မြို့တွင်းမြို့ပြင်မှာလုံခြုံရေးတင်းကျပ်ထားတာတွေအပြင် အကြောင်းမဲ့ပစ်ခတ်တာတွေ၊ ဖိအားပေးငွေကောက်ခံတာတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ ‘’ အလုပ်အကိုင်ကျပ်တည်းက မြို့ထဲမှာဆိုလည်း ဂိတ်တွေရှိတယ်လေ၊ သွားရလာရအဆင်မပြေဘူး။ အလုပ်သွားမယ်ဆိုလည်း ဂိတ်တွေဖြတ်ရမှာဆိုတော့မသွားရဲဘူး။ သူတို့ကမထင်ရင်မထင်သလိုပစ်တာလေ။ နေ့စားလုပ်တဲ့လူတွေဆိုလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်မှာ တပတ်အတွင်း မြို့ခံ ဆယ့်သုံးဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ  NLDပါတီ တိုင်းပြန်ကြားရေးတာဝန်ခံအမျိုး သမီးတဦး အပါအဝင် တပတ်အတွင်း ဒေသခံ (၁၃)ဦးကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတဦးက DNA ကိုပြောပါတယ်။  NLDပါတီရဲ့ တိုင်းပြန်ကြားရေးတာဝန်ခံမမြရတနာထက်နဲ့အမျိုးသားဖြစ်သူ တို့ကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အနီးက ပင်လုံအိမ်ယာထဲမှာ စစ်ကောင်စီတပ်သားတွေကဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ အတိုက်ခံရပြီး ၁ဦးသေ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကျောက်မဲတောင်ကျေးရွာအုပ်စုမှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ အတိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးကာ လက်နက်ပါ သိမ်းဆည်းရမိတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီကနေ့ မေလ ၁၁ရက်နေ့ ညနေ ၃နာရီလောက်မှာ ကင်းမွန်းချိုကျေးရွာနဲ့ ဘဝပင်သတ္တူမိုင်းအကြားမှာ [ဆက်လက်ဖတ်ရှုရန်]