နိုင်ငံရေး

လွိုင်ကော်အနီး တိုက်ပွဲတွေကြောင့် ယာဉ်တချို့ ပိတ်မိနေပြီး ခရီးသည်တွေ ဖယ်ခုံမှာ သောင်တင်

နိုဝင်ဘာ ၁၃   ကရင်နီ (ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့အနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လွိုင်ကော်ကိုသွားမယ့် ခရီးသည်တင်ကားတချို့ ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်မှာ ပိတ်မိနေတာ သုံးရက်ရှိပြီလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ CNA ပြောခွင့်ရ အတည်ပြု

နိုဝင်ဘာ၊ ၁၃   အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNA)နဲ့ ပူးပေါင်းတပ်တို့က ဒီကနေ့မနက်မှာ သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက DNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ တိုက်ပွဲတွေ စဖြစ်၊ စစ်ကောင်စီတပ်စခန်းတချို့ကို AA သိမ်းပိုက်ရရှိ

နိုဝင်ဘာ၊ ၁၃   ရှမ်းမြောက်မှာ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA)ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းနဲ့ စစ်ကြောင်းတချို့ကို ဒီနေ့မနက် ငါးနာရီဝန်းကျင်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းအချို့နဲ့ လက်နက်တွေ သိမ်းပိုက်ရရှိထားပြီလို့ နီးစပ်သူတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်နယ်အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ပြည်နယ်အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်  နိုဝင်ဘာ၊ ၁၂  ကယား (ကရင်နီ)ပြည်နယ် အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ ဒီကနေ့ ည ၆ နာရီခွဲအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ပိတ်မိနေတဲ့ အရပ်သားတွေလည်း  အကူအညီလိုအပ်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းမြောက်မှာ စစ်ရှောင်ငါးသောင်းနီးပါးထိ ရှိလာ၊ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေလည်းရှိ

နိုဝင်ဘာ ၁၀   တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ငါးသောင်းနီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး (UNOCHA)နဲ့ ဒေသတွင်း ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအထိနာ လက်နက် ခုနစ်ဆယ်ကျော် တော်လှန်ရေးတပ်တွေရ

နိုဝင်ဘာ၊ ၁၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းမှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အားသုံးရာလောက်ပါတဲ့ စစ်ကြောင်း ဒီကနေ့မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခံရလို့ အထိနာပြီး လက်နက် ခုနစ်ဆယ်ကျော် ရခဲ့တယ်လို့ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတဦး ဒဏ်ရာရ၊ နေအိမ်ပျက်စီး

နိုဝင်ဘာ၊ ၁၀   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက အံဖကြီးရွာထဲက နေအိမ်တအိမ်ပေါ် ဒီကနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သက်လတ်ပိုင်းအမျိုးသမီးတဦး ဒဏ်ရာရသလို နေအိမ်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးဝမှာ PDF တွေ ခြုံခိုတိုက်ခိုက်ခံရလို့ အကျအဆုံးများ

နိုဝင်ဘာ၊ ၁၀   စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်ထဲမှာ နိုဝင်ဘာ ၉ ရက်၊ မနေ့ညက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်ရဲ့ ခြုံခိုတိုက်ခိုက်တာ ခံရတာကြောင့် အကျအဆုံးများတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမှာ တိုက်ပွဲဲဖြစ်ပြီး တပ်ကြပ်ကြီးတဦးကို လက်နက်နဲ့အတူဖမ်းမိ

နိုဝင်ဘာ၊ ၁၀   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်၊ ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီး တပ်ကြပ်ကြီးတဦးကို လက်နက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်မှာစိုးရိမ်လို့ ကြိုတင်တိမ်းရှောင်သူတွေရှိလာ

နိုဝင်ဘာ၊ ၁၀   ရခိုင့်တပ်တော် AA တပ်ဖွဲ့နဲ့ ရခိုင်ပြည်နယ်ပြင်ပမှာ စစ်ရေးထိတွေ့မှုတွေ ရှိလာတဲ့နောက် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုတွေ လုပ်လာတာကြောင့် စစ်ကောင်စီတပ်စခန်း အနီးဝန်းကျင်မှာ နေထိုင်သူတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်တာတွေ ရှိနေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]