No Picture
ရခိုင်

စစ်တွေမြို့အနီး နောက်ထပ်ရွာနှစ်ရွာကပြည်သူတွေကို စစ်ကောင်စီ အတင်းအကြပ် နှင်ထုတ်ပြန်

စက်တင်ဘာ၊ ၁၆ စစ်တွေမြို့နဲ့ ကပ်လျက် ဆတ်ရိုးကျချောင်းတဖက်ကမ်းရှိ ကျေးတော(ရွာမ)နဲ့ ရွှေပြည်သာကျေးရွာတို့မှာ နေထိုင်တဲ့ပြည်သူတွေအားလုံးကို တယောက်မကျန် ရွာထဲကနေ ထွက်ကြဖို့ စစ်ကောင်စီတပ်က အင်အားသုံးခြိမ်းခြောက်နှင်ထုတ်ခဲ့တယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။ မနေ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာ အင်အား [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ အမျိုးသမီး၊ ကလေးတွေပါ မချန် လိုက်ဖမ်းနေတဲ့ စစ်ကောင်စီ

စက်တင်ဘာ၊ ၁၅ စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်ရပ်ကွက်အချို့မှ အမျိုးသမီး၊ ကလေးငယ်တွေအပါအ၀င် လူခြောက်ဆယ်၀န်းကျင်ကို ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်ကြာတဲ့ ဒီနေ့ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အင်အား ငါးဆယ်၀န်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစက်တင်ဘာလ ၁၃ ရက် ညနေပိုင်းမှာ စစ်တွေမြို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲစဖြစ်လာတဲ့ စစ်တွေမြို့နယ်မှာ စစ်ကောင်စီအင်အားတိုး လူဖမ်းတာတွေ ဆက်တိုက်လုပ်လာ

စက်တင်ဘာ၊ ၆ အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်စတင်နေပြီဖြစ်တဲ့ စစ်တွေမြို့နယ်မှာ စစ်ကောင်စီက တပ်စခန်းသစ်တွေ တိုးချလိုက်သလို မြို့တွင်းရပ်ကွက်တွေထဲမှာလည်း ကင်းလှည့်၊ စစ်ကြောင်းထိုးကာ အရပ်သားတွေကို ဖမ်းဆီးတာတွေ ပိုလုပ်လာနေတယ်လို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
စစ်ရေး

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့နယ်မှာ တိုက်ပွဲစဖြစ်

ဩဂုတ်၊ ၃၀ ဒေသကွပ်ကဲစစ်ဌာနချုပ်(ဒကစ)အခြေစိုက် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ မနေ့က ညနေပိုင်းမှာ တိုက်ပွဲစဖြစ်ခဲ့ကြပြီး အခုထိ တိုက်ပွဲဆက်ရှိနေတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့နဲ့ ငါးမိုင်၀န်းကျင်အကွာ ဝါဘိုကျွန်း၊ မင်းလှရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီဇက်ရေယာဉ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ တလကျော်အတွင်း အရပ်သား တရာကျော်ကို စစ်ကောင်စီအမှုဖွင့်၊ သတင်းမရ ပျောက်နေသူတွေရှိနေ

ဇူလိုင်၊ ၁၀ စစ်ကောင်စီတပ်ဟာ တလကျော်အတွင်းမှာ စစ်တွေမြို့နယ်အတွင်းက ဒေသခံအရပ်သား တထောင်၀န်းကျင်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှ တရာကျော်ကို  အမှုဖွင့်တရားစွဲထားကာ စစ်ကြောရေးထဲ သေဆုံးသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ မိသားစု၀င်တွေက ပြောပါတယ်။ စစ်တွေမြို့နယ် ဗျိုင်းဖြုရွာမှ ငါးဆယ်ကျော်၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ ဖမ်းဆီးထားတဲ့ အရပ်သားတွေဆီက စစ်ကောင်စီ ငွေကြေးတောင်းယူနေ

Photo – Google ဇွန်၊ ၁၇  စစ်တွေမြို့မှာ ဖမ်းဆီးထားတဲ့အရပ်သားတွေကို စစ်ကောင်စီက ငွေကြေးသိန်းနဲ့ချီတောင်းခံနေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတချို့ကပြောပါတယ်။ စစ်တွေမြို့ မင်းဂံရပ်ကွက်က အမျိုးသမီးတွေအပါအဝင်အရပ်သား ၁၅၀ထက်မနည်းကို ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၅ ရက်ညနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ဗျိုင်းဖြူကျေးရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မူသေဆုံးသူတိုးလာ

Photo – CJ ဇွန်၊ ၄ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်မှာမတရားဖမ်းဆီးသတ်ဖြတ်ခံရတဲ့အရပ်သား အရေအတွက် ၇၆ဦးထိ ရှိလာပြီလို့ အာရက္ခတပ်တော်AAကထုတ်ပြန်ပါတယ်။ ဗျိုင်းဖြူကျေးရွာမှ ထောင်ချီတဲ့ရွာသူရွာသားတွေအနက် (၅၀) ကျော်ကိုစစ်ကောင်စီတပ်နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီရဲ့စစ် သင်တန်းဆင်း ရိုဟင်ဂျာ(မူဆလင်လို့သုံး)တပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်တပ်စီးနင်းပြီး အစုအပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်

Photo – This is Sittwe ဇွန်၊ ၁ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးမှာရှိတဲ့ ဗျိုင်းဖြူရွာထဲကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ရွာသားအားလုံးကို သုံးရက်ကြာဖမ်းဆီးစစ်ဆေးကာ အစုအပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေနဲ့ရွာသားတွေက ပြောကြပါတယ်။ စစ်တွေမြို့နဲ့ တမိုင်၀န်းကျင်အကွာက အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဆောင်းပါး

ကပ်ဘေးကြားက အနောက်ဖက်မြို့တော် (ဆောင်းပါး)

မေ ၊ ၁၃ အနောက်တံခါးမြို့တော်က ပြည်သူတွေဟာဆက်တိုက်ကြုံတွေ့နေရတဲ့ကပ်ဘေးတွေကြား သောကဗျာဝေနေရပါတယ်။ ၃ နှစ်နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရပ်စဲနေတဲ့ ကာလ မနှစ်က ၂၀၂၃ခုနှစ်မေလမှာ ပြင်းထန်တဲ့ သဘာဝဘေးတခုကို စစ်တွေ အပါအဝင်ရခိုင်ဒေသမှာ ကြုံတွေ့ခဲ့ရပါတယ်။ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ  စစ်တွေမြို့ကို [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်က စစ်ကောင်စီ ထိန်းချုပ်ပိတ်ဆို့ထားတဲ့ မြို့တွေမှာ စားနပ်ရိက္ခာရှားပါးလာ

  ဧပြီ၊ ၂၆ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အဝင်အထွက်ပိတ်ပင်ကန့်သတ်ခံ ထား ရတဲ့ မြို့တွေမှာ အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေပြီး အလွယ်တကူဝယ်မရလို့ အခက် တွေ့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ [ဆက်လက်ဖတ်ရှုရန်]