ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းအတွင်းက လမ်းမကြီးအချို့ကို အရေးပေါ်ပိတ်ထား

စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မုံရွာ-မန္တလေးလမ်းမကြီးအပါအဝင်၊ စစ်ကိုင်း-မြင်းမူ-ချောင်းဦး-မုံရွာ လမ်းမကြီး၊ ထီးဆောင်း-အရာတော် လမ်းမကြီး၊ အလ္လကပ္ပ-တောချောင်းဦး လမ်းပိုင်းတွေကို အရေးပေါ်ပိတ်ထားမယ်လို့ Myinmu Defence Force က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက် ၁၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းအတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေ

စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ မြို့နယ်အချို့မှာ အကြမ်းဖက်စစ်အုပ်စုက တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က မတ်လ ၂၄ရက်နေ့ ည ၁၁နာရီ မိနစ် ၄၀ကျော်လောက်က စတင်ကာ အင်တာနက်တွေ ပြတ်တောက်သွားပြီး ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ကြိမ်မိုင်းဆွဲ၊ကား ၃စီးပျက်စီ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား၃စီး ပျက်စီးခဲ့ပါတယ်။ စစ်ကိုင်းကနေမုံရွာဘက်သွားနေတဲ့ ကား၁၆စီးပါအကြမ်းဖက်စစ်ယာဉ်တန်းကို မေလ၂၃ရက်နေ့မနက်၁၁ နာရီ၁၉မိနစ်လောက်က မြင်းမူမြို့နယ်၊ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားမှာ ပဒေသာမိုင်းစစ်ဆင်ရေးဆောင် ရွက်ခဲ့ရာ ၈စီးမြောက်အကြမ်းဖက်ကားထိမှန်ခဲ့ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီနောက် ကျန်၁၅စီးယာဉ်တန်း ဆက်လက်ထွက်ခွာခဲ့ရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမှိုက်ကောက်သမားနဲ့ဈေးသည်အသွင်ယူ မိုင်းနေရာလိုက်ရှာနေသူတွေကို နောက်ဆုံးအကြိမ်သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ အမှိုက်ကောက်သမားနဲ့ ဈေးသည်အသွင်ယူကာ မိုင်းနေရာ လိုက်ရှာနေသူတွေကို သပြေညိုပြောက်ကျားတပ်ဖွဲ့ ကနောက်ဆုံးအကြိမ်သတိပေးလိုက်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ ပြင်ဆင်ထားတဲ့ မုံရွာ-အရာတော် လမ်းပိုင်းရှိ မိုင်းကွင်းနေရာတွေကို အမှိုက်ကောက်သမားနဲ့ ဈေးသည်အသွင်ယူကာ လိုက်လံရှာဖွေပေးနေသူတွေကို နှစ်ကြိမ် ဖမ်းဆီးသတိပေး ပြန်လွှတ်ပေးခဲ့ပေမဲ့ ဆက်လက်လုပ်ဆောင်နေသေးတဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းကနေ မုံရွာကိုထွက်ခွာလာတဲ့ စစ်အုပ်စုယာဉ်တန်း ၃ကြိမ် မိုင်းထိ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၁၆စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၃ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေ များပြားနိုင်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၃ရက်နေ့ နေ့လည် ၁၁နာရီကျော်လောက်မှာ ဝမ်းပြည့်ကျေးရွာနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီ၊ မိုးကောင်းရွာက ထွက်လာတဲ့စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ​မိုးကောင်းကျေးရွာကနေ ထွက်လာတဲ့စစ်တပ်ကို ဒေသတွင်း ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီနေ့မနက်ပိုင်းက မိုးကောင်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ် ရွာတောင်ဘက်အထွက်မှာ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့က မိုင်းဆွဲပြီးနောက် ရိုးမဖိုက်တာနဲ့ တခြားအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ရိုးမဖိုက်တာ PDF က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်၊မိုးကောင်းမှာ ညတိုက်ပွဲ ဆင်နွှဲ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊မိုးကောင်းရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ မိုးကောင်းကျေးရွာမှာ အကြမ်းဖက်စစ်အင်အား၁၀၀ဝန်းကျင်ရှိပြီး မေ၂၂ရက်နေ့ ည၇နာရီကနေ၈နာရီအထိ ရှော့တိုက်ဒုံး၊လက်နက်ကြီး၊လက်နက်ငယ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်စစ် တပ်ဘက်ကသေဆုံးထိခိုက်မှုရှိပေမဲ့ အရေအတွက်ကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲကို အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းနဲ့အတူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာ စစ်သတင်းပေး ၂ ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝက်ပြစ်ရွာက စစ်သတင်းပေးအဖြစ် အများကသတ်မှတ်ထားသူ ၂ ဦးကို အမည်မသိအဖွဲ့က ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ မေလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဝက်ပြစ်ရွာနေ သတင်းပေးလို့နာမည်ထွက်နေသူ ရွှေမောင်းကို ရှင်းလင်းခဲ့ပါတယ်။ ရွှေမောင်းဟာ စစ်သားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်းမြို့ မြစ်ရိုးအောက်ဖက် ကျေးရွာတွေကို စစ်အုပ်စုက မီးရှို့မှု​ကြောင့် အိမ်ခြေ ၂၀၀ ကျော်ပျက်စီး

စစ်ကိုင်းတိုင်း မင်းကင်းမြို့ မြစ်ရိုးအောက်ဖက်မှာရှိတဲ့ ကျေးရွာ ၁၀ရွာခန့်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ မနေ့က မေလ ၂၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်-ဆားလင်းကြီး ၄၃၈ ရက်မြောက် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၄၃၈ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်ခဲ့ ကြပါတယ်။ ဒီနေ့စစ်ကြောင်းကို လက်ပံတောင်းတောင် ပင်မသပိတ်ဦးဆောင်သူတွေ ဝန်းရံချီတက်ကာ နိုင်ငံရေးတရား ဟောခဲ့ပါတယ်။