ကနီ၊ မိုးကောင်းရွာက ထွက်လာတဲ့စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ပုံစာ – ရိုးမဖိုက်တာရဲဘော်တွေ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ​မိုးကောင်းကျေးရွာကနေ ထွက်လာတဲ့စစ်တပ်ကို ဒေသတွင်း ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့မနက်ပိုင်းက မိုးကောင်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ် ရွာတောင်ဘက်အထွက်မှာ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့က မိုင်းဆွဲပြီးနောက် ရိုးမဖိုက်တာနဲ့ တခြားအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ရိုးမဖိုက်တာ PDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား သေဆုံးထိခိုက်မှုအခြေအနေကို ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
မေလ ၂၂ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ အင်မထီးကျေးရွာကစစ်သားနဲ့ ပျူစောထီးတွေကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ တောကျီးကန်း ပြောက်ကျားတပ်ဖွဲ့၊ ရိုးမဖိုက်တာ Rambo တပ်ခွဲနဲ့ အခြားတခြားအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး RPG ထိမှန်ကျဆုံးခဲ့ပြီး စစ်သားနဲ့ပျူစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။