ထန်းတပင်မြို့နယ်မှာ ပျူစောထီး အဖွဲ့ဝင်ဆိုသူနှစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ ထန်းတပင်မြို့နယ် ရေစိုမငေးစုကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူ သားအဖ ၂ ဦးကို From Zero to Hero အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၃ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ထန်းတပင်မြို့နယ် ရိုးခွကျေးရွာနဲ့ အေးရွာလေးကြားမှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်သူ ဦးသောင်းမြင့်နဲ့ သားဖြစ်သူ ကိုသက်ဇင်တို့ကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်းမှာ ဦးသောင်းမြင့်ဟာ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူ ကိုသက်ဇင်ကတော့ သေနတ်ဒဏ်ရာနဲ့ ရေမြောင်းထဲ ကျသွားခဲ့တာကြောင့် သေဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ From Zero to Hero အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဦးသောင်းမြင့်နဲ့ သားဖြစ်သူဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်းမှာရှိတဲ့ မီတာခတွေကို ဖိအားပေးပြီး လိုက်လံကောက်ယူနေသူဖြစ်တယ်လို့ From Zero to Hero က ဆိုထားပါတယ်။

Delta News

Read Previous

ကနီ၊ မိုးကောင်းရွာက ထွက်လာတဲ့စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

Read Next

အမေရိကန်နဲ့ တောင်ကိုးရီးယား MOGE ကိုပိတ်ဆို့မှု အမြန်ဆုံးပြုလုပ်ဖို့ Blood Money တောင်းဆို