မုံရွာခရိုင်စီမံအဖွဲ့ဝင်ကို ရှင်းလင်းပြီးအပြန် ထိတွေ့တိုက်ပွဲမှာ ပြောက်ကျားခေါင်းဆောင်တစ်ဦးကျဆု
မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းပြီးပြန်လည်ဆုတ်ခွာလာစဉ် အကြမ်းဖက်စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာဝံပုလေွပြောက်ကျားတပ်ဖွဲ့(မြိုင်)ရဲ့ခေါင်းဆောင် တစ်ဦး ကျဆုံးခဲ့ပါတယ်။ ဇွန်လ၁၉ရက်နေ့ မနက်၇နာရီလောက်မှာ ဗိုလ်လရောင်ဦးဆောင်တဲ့ ဝံပုလေွပြောက်ကျားတပ်ဖွဲ့(မြိုင်) အဖွဲ့ဟာ စစ်ကိုင်းတိုင်း ၊မုံရွာမြို့ ၊ ကျောက္ကာလမ်းရှိ ရွှေအိမ်နန်းတည်းခိုးခန်းအနီးမှာ စစ်အုပ်စုခန့်မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သန်းဇော်ထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]