ရာသီဥတုအေးခဲမှုနဲ့ ဆေးကုသခွင့်မရမှုတို့ကြောင့် ဂန့်ဂေါမြောက်ပိုင်းမှာ သက်ကြီးရွယ်အို ဆယ်ဦးထက်မနည်းသေဆုံး
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဒေသကျေးရွာတွေမှာ ရာသီဥတုအေးခဲမှုနဲ့ ဆေးဝါးကုသခွင့်မရ တာ တွေကြောင့်လက်ရှိဇန်နဝါရီလ တလမပြည့်မီကာလအတွင်း သက်ကြီးရွယ်အိုဆယ်ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ထိုင်နေရင်းနဲ့ကိုသေသွားကြတာမျိုးတွေလည်းများတယ်၊ဒီတပတ်ထဲမှာကို နှမ်းခါးမှာနှစ်ယောက်၊ ရေရှင်မရွာ ရော၊ အရှေ့ဘက်တန်းတွေဆိုပိုဆိုးတာပ” လို့ နှမ်းခါးလူငယ်အဖွဲ့ခေါင်းဆောင်ကိုနွေဦးကပြောပါတယ်။ သက်ကြီးရွယ်အိုတွေသေဆုံးရတာဟာ [ဆက်လက်ဖတ်ရှုရန်]