ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဂန့်ဂေါမြို့က လူထုဆန္ဒထုတ်ဖော်ပွဲ

တစ်မြို့နယ်လုံးနေရာအနှံ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးခြင်းခံနေရတဲ့ ဂန့်ဂေါမြို့နယ်မှာ ပြည်သူ့အစိုးရ NUG နှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါမြို့နယ်ကဒေသခံ ပြည်သူ နှစ်ရာဝန်းကျင်တက်ရောက်ခဲ့ပြီး ကျေးရွာ ကာ ကွယ်ရေးအဖွဲ့ဝင်တွေလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါတောင်ပိုင်း မဲရွာက ကလေးငယ်တွေအပါအဝင် ပြည်သူလေးဆယ်ဝန်းကျင်ကို စစ်တပ်က ဓားစာခံ အဖြစ်ဖမ်းဆီး

ဂန့်ဂေါမြို့နယ်တောင်ပိုင်း မဲရွာက ကလေးငယ်တွေအပါအဝင် ပြည်သူလေးဆယ်ဝန်းကျင်ကို စစ်ကောင်စီ စစ် ကြောင်းက စက်တင်ဘာ (၁၄) ရက် နေ့လယ်ပိုင်းကတည်းက ဓားစာခံအဖြစ်ဖမ်းခေါ်သွားတယ်လို့ ဂန့်ဂေါ တောင်ပိုင်း PDF ခေါင်းဆောင် ကိုဝေလေးက DNA ကိုပြောပါတယ်။ “သူတို့စစ်ကြောင်းနဲ့အတူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီစစ်ကြောင်းက ဂန့်ဂေါမြို့နယ် မြင်းဇာရွာကို မီးရှို့နေ

ဂန့်ဂေါမြို့ ခလရ ( ၅၀) ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့တောင်ဘက်ကမြ င်းဇာရွာကို စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၇နာရီခွဲလောက်ကစပြီး မီးရှို့နေကြတယ်လို့ ဒေသခံတွေ ကDNA ကိုပြောပါတယ်။ ရွာထဲမှာ အနည်းဆုံး ငါးနေရာလောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ် ရွှေတောင်ရွာကိုမီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ရွှေတောင်ရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ (၆) ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ယောဒေသကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “ရွှေတောင်ရွာထဲမှာ YDF ဝတ်စုံတွေတွေ့လို့ဆိုပြီး မီးရှို့နေပြီ၊ ရွာကသေးသေးပါဆိုမှ အကုန်ပြောင်မှာပါပဲ၊ ကျွန်တော်တို့အနေနဲ့လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူထောင်ချီစစ်ဘေးရှောင်နေရ

ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူပေါင်းထောင်ချီ စစ်ရှောင်နေရတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “စစ်ကြောင်းက ဂန့်ဂေါကနေ ထိုးလာတာ။ စစ်ကြောင်းလာပြီဆိုတာနဲ့ စစ်ကြောင်းတစ်လျောက် လက်ပံ၊သာကောင်း၊ ရှည်းရှည် အစသဖြင့် ရှောင်နေကြရတယ်” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ ဆယ့်နှစ်ရက်အတွင်း စစ်တပ်က ရှစ်ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

ဂန့်ဂေါမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ ဆယ့်နှစ်ရက်အတွင်း ရှစ်ဦးသေပြီး (၃၁) ဦးဒဏ်ရာရခဲ့တယ်လို့ ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ယောလေးက DNA ကိုပြောပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဩဂုတ် (၁၈) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရွာတွေကို မီးရှို့နေတဲ့ စစ်သားနှစ်ယောက် စနိုက်ပါလက်ချက်နဲ့သေ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မောက်ရွာကနေ လက်ပန်ရွာဘက်ကို ကူးဖို့ကြိုးစားတဲ့ စစ်ကောင်စီစစ်ကြောင်းရှေ့ပြေးကင်းအဖွဲ့က စစ်သားနှစ်ဦးကို ယောဒေသကာကွယ်ရေးတပ်( YDF )ရဲ့ စနိုက်ပါသမားတစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့ မှာ ပစ်သတ်ခဲ့တယ်လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ် မောက်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မောက်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။ ” မီးခိုးတွေထွက်နေတုန်းပသေး။ ခုမှမီးသတ်နေကြရတုန်း။ သင်ချိုင်းဇရပ်ကောရှို့ထားခဲ့တာ။ နှမ်းတွေအပြည့်တင်ထားတဲ့ ဆယ့်နှစ်ဘီးကားတစ်စီးကော။ ဆိုင်ကယ်ကဘယ်နှစီးလို့မသိရသေးဘူး။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်မီးရှို့လို့ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာမှာ နေအိမ် ၁၄လုံးပျက်စီး

  ကလေးမြို့ကနေ ဂန့်ဂေါ်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့နယ် တောင်ပိုင်းက ထယ် လှော်ကျေးရွာကို သြဂုတ်လ ၂၆ ရက်နေ့မှာ မီးရိူ့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၁၄လုံးမီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။  “မီးခိုးတွေကတော့ ဒီမနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရေးတင်းမာမှုတွေကြောင့် ဂန့်ဂေါ – ထီးလင်း လမ်းပိုင်း ယာယီပိတ် 

စစ်ကိုင်းတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့်  ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းကိုဒီနေ့ဩဂုတ်လ ၂၂ရက်နေ့ကစပြီးယာယီပိတ်လိုက်တယ်လို့YDF(ထီးလင်း)က သတင်းထုတ်ပြန်ပါတယ်။ အများပြည်သူလုံခြုံရေးအတွက် လမ်းအသုံးပြုမှု ယာယီပိတ်ထားတာကို တိတိကျကျလိုက်နာပေးဖို့ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ အသိပေးနေတယ် လို့ YDF(ထီးလင်း)အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ စစ်ရေးတည်ငြိမ်သွားတဲ့အချိန်မှာ ဂန့်ဂေါ- [ဆက်လက်ဖတ်ရှုရန်]