ဂန့်ဂေါမြို့မှာ ချင်းပြည်ဘက်ကသယ်လာတဲ့ ဒီတိုနေတာအချောင်းငါးထောင်ကျော် စစ်ကောင်စီက ဖမ်းဆီး
မကွေးတိုင်း၊ဂန့်ဂေါမြို့၊ အမှတ် (၁) စစ်ဆေးရေးဂိတ်မှာချင်းပြည်နယ်ကနေ မန္တလေးဘက်ကိုသွားမယ့် ခရီးသည်တင်ကားနှစ်စီးပေါ်ကနေ ဖောက်ခွဲရေးပစ္စည်းဒီတိုနေတာ အချောင်း ငါးထောင့်ငါးရာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၅ရက် မနေ့ကဖမ်းဆီးမိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဆိုပါဖမ်းဆီးရမိတဲ့သတင်းကို စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြခဲ့ပြီး ဖမ်းဆီးခံရတာမှန်ကန်တယ်လို့ ဂန့်ဂေါဒေသခံတွေဆီကသိရပါတယ်။ “ဂန့်ဂေါမှာမိတာက ဒန်ကတ်သီးအတိုတွေ၊ မိုင်းလုပ်တဲ့နေရာမှာသုံးတာ” [ဆက်လက်ဖတ်ရှုရန်]