ဒေသအလိုက် သတင်းကဏ္ဍ

ဖားအံ -လှိုင်းဘွဲ လမ်းပိုင်းတစ်လျှောက်အကြမ်းဖက်စစ်အုပ်စု နေ့ရာညပါ အစစ်အဆေးတွေလုပ်နေ

ကရင်ပြည်နယ် ဖားအံ –လှိုင်းဘွဲ လမ်းပိုင်း တစ်လျှောက်မှာ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုအဖွဲ့စုံ ဂိတ်တွေဖွင့်ပြီး နေ့ရာညပါ အစစ်အဆေးတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ KIC ကဖော်ပြပါတယ်။ ဖားအံအနီးအနား ကျေးရွာဒေသခံတွေမှာလက်ရှိ မြို့ဘက်သွားလာရာ ကျေးရွာချင်းဆက်လမ်းတွေကိုသာ အသုံးပြုသွားလာနေကြရတယ်လို့ဆိုပါတယ်။ ကရင်ပြည်နယ်အတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံတောင်စာတိုက်အနီး စစ်ဆေးရေးလုပ်နေတဲ့ တပ်ကြပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံ

ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံးအနီး စစ်ဆေးရေးလုပ်နေတဲ့ တပ်ကြပ်ကြီးတစ်ဦးကို စနိုက်ပါသမားက ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သံတောင် PDF က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၉နာရီ မိနစ်၄၀လောက်မှာ သံတောင်မြို့စာတိုက်လမ်းခွ၊လေပြေဆိုင်အနီး စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေအနက် တစ်ဦးကို သံတောင်PDF စနိုက်ပါသမားက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံထောင်ထဲ နိုင်ကျဉ်းတွေကို ညှင်းပန်းမှု အဆိုးရွားဆုံးအခြေအနေရောက်

ကရင်ပြည်နယ်၊ ဘားအံထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ညှင်းပန်းနှိပ်စက်မှုဟာ အဆိုးရွာဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ထောင်ပိုင်အသစ် လှဆွေဆိုသူနဲ့ နောက်လိုက်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို လေးဘက်လေးတံ အကွယ်မရှိတဲ့ အဆောက်အအုံထဲထည့်ကာ ကျောက်စရစ်ခဲလုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ နဖူးကွဲ ၊လက်ပေါက်ဒဏ်ရာတွေရရှိခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင် တိုက်နယ် ရဲစခန်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၇နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းငယ်အား လျော့သွားပေမယ့် ကရင်နဲ့မွန်မှာ နေရာကွက်မိုးကြီးနိုင်

ဒီကနေ့ မေလ ၂၁ ရက်၊ မနက်အစောပိုင်း တိုင်းထွာချက်အရ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရှမ်းရွာသစ်အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အ‌ရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧပြီလအတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၀၀ကျော်ဖြစ်ပွား၊ စစ်အုပ်စုက ၃၅၀ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေထဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နယ်မြေ ကျူးကျော်ထိုးစစ်ကြောင့် KNLA ၊ KNDO ပူးပေါင်းအဖွဲ့တွေနဲ့ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၃၅၆ ဦးသေဆုံး ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

BGF က ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး စစ်အုပ်စုစခန်း​တွေဆီ ပို့ဆောင်

သံလွင်မြစ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူတွေကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးပြီး စစ်အုပ်စုရဲ့ ဝင်းတာပန်နဲ့ လေးကေစခန်းတွေကို ​ပေါ်တာအဖြစ် ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC က ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံတောင်မှာ ရဲနှစ်ဦးကို ရှင်းလင်း

ကရင်ပြည်နယ်၊ သံတောင်မြို့ရဲစခန်းကနေ ဆင်းလာတဲ့ ရဲ ၂ ဦးကို ရှင်းလင်းခဲ့ကြောင်း သံတောင် PDF က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၈ နာရီ ၁၆ မိနစ်လောက်မှာ သံတောင်မြို့ရဲစခန်းက ရဲတပ်ကြပ်စိုးမင်းထိုက်နဲ့ ရဲတပ်သားတစ်ဦးကို ရှင်းလင်းလိုက်တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့အတူ KNDO ထံ ပူးပေါင်

ကရင်ပြည်နယ် ဝေါလေဒေသအခြေစိုက် စစ်အုပ်စုရဲ့ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမှတ် ၉၀၄ မှ တပ်ကြပ် ၂ ဦးဟာ လက်နက်အပြည့်အစုံနဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကို လာရောက်ပူးပေါင်းခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မနေ့က မေလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တံခွန်တိုင်ရဲစခန်းအတွင်း စခန်းချထားတဲ့ စစ်အုပ်စု ပြည်သူ ၃၀ခန့်ကို ဖမ်းဆီးသွာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာ ရဲစခန်းအတွင်းမှာ စခန်းကျတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အနီးဝန်းကျင်ကျေးရွာတွေကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၃၀ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ KICသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မနက် ၇နာရီခန့်မှာ စစ်အုပ်စုဟာ ခယ်ကျေးရွာအတွင်း [ဆက်လက်ဖတ်ရှုရန်]