ဒေသအလိုက် သတင်းကဏ္ဍ

အမှိုက်ပုံကထွက်တဲ့ မီးခိုးကြောင့် ရေကြည်မြို့ခံတွေ အခက်အခဲဖြစ်

မတ်၊ ၂ ဧရာဝတီတိုင်း ၊ ရေကြည်မြို့ ၊ မြို့ပတ်လမ်းဘေးက တစ်ဧက နီးပါးရှိ  အမှိုက်ပုံဟောင်းကနေ ထွက်နေတဲ့ မီးခိုးနဲ့ ပလက်စတစ်ညှော်နံ့ကြောင့် မြို့ပေါ်မှာနေထိုင်သူတွေအနေနဲ့  အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေ ရှိနေတယ်လို့ သိရပါတယ် ။  “ကျနော့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်အတွင်းမှာ ရိုးရာအိုးလုပ်ငန်းတွေပျောက်ကွယ်လုနီးဖြစ်နေ

ဖေဖော်ဝါရီ၊ ၂၈ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နဲ့ရေကြည်မြို့နယ်တွေမှာ ဝင်ငွေရနည်းတာနဲ့ အသုံးပြုသူနည်းပါးတာကြောင့်  ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာတဲ့ ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်သူတွေနည်းလာပြီးလုပ်ငန်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီလို့ ဒေသခံအိုးလုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။ ပုသိမ်မြို့၊ ကမ်းနားလမ်း စဉ့်အိုးဘိုအရပ်မှာရှိတဲ့ ဘိုးဘွားစဉ်ဆက် အိုးလုပ်ငန်းမှာ အိုးလုပ်ငန်းလုပ်ကိုင်တဲ့ အိုးဖိုပေါင်း ၄၀ ကျော်ဟာ ၂နှစ်တာကာလအတွင်း ရပ်ဆိုင်းသွားပြီးသောက်ရေအိုး၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

စစ်သင်တန်း မတက်လိုတာ ကြောင့် အရံ မီးသတ် တပ်ဖွဲ့ဝင် အချို့ နုတ်ထွက် ထွက်ပြေး

ဖေဖော်ဝါရီ၊ ၂၇ ဧရာဝတီတိုင်း ၊ပုသိမ်မြို့က  အရံမီးသတ် အဖွဲ့ဝင် အချို့ဟာ စစ်ကောင်စီရဲ့ စစ်သင်တန်း ကို မတက် ရောက် လိုတာကြောင့် မီးသတ် တပ်ဖွဲ့ဝင် အဖြစ် ကနေ နုတ်ထွက် ကာ ထွက်ပြေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်ရိုးမနဲ့ ထိစပ်တဲ့ သစ်တောအတွင်း စစ်ကောင်စီက တလနှစ်ကြိမ်ပုံမှန်စစ်ကြောင်းထိုးနေ

ဧရာဝတီတိုင်းက ရခိုင်ရိုးမနဲ့ ဆက်စပ်ထိစပ်တဲ့ သစ်တောနေရာတွေကို PDF တွေခိုအောင်းနေတယ်လို့ အကြောင်းပြကာ တလနှစ်ကြိမ်ပုံမှန်စစ်ကြောင်းထိုးလုပ်ဆောင်နေတယ်လို့ တပ်တွင်းနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းက ရခိုင်ရိုးမနဲ့ ထိစပ်တဲ့ ကြံခင်း၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကုန်ဈေးနှုန်းတက်ပြီး ကုန်ကြမ်း၊လုပ်သားရှားပါးမှုကြောင့် ဧရာဝတီတိုင်းမှာ အသေးစားလုပ်ငန်းတချို့ ရပ်နားထားရ

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းတွေနဲ့ စားသုံးဆီဈေးနှုန်းတွေကြီးမြင့်လာတာတွေ ဒေသထွက်ကုန်ကြမ်းရှားပါးလာတာတွေကြောင့် ဧရာဝတီတိုင်းအတွင်းက စားသောက်ကုန်လုပ်ငန်းတချို့နဲ့ လက်မှုလုပ်ငန်းတချို့ရပ်ဆိုင်းထားတာတနှစ်ကျော်ရှိနေပြီလို့ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာတွေကြောင့်လည်း လုပ်ငန်းတချို့မလည်ပတ်နိုင်ဘဲရပ်ဆိုင်းရတာတွေလည်းရှိနေတယ်လို့ဆိုကြပါတယ်။ ညောင်တုန်းမြို့နယ်အတွင်းက စားသောက်ကုန်လုပ်ငန်းတခုဖြစ်တဲ့ က္ကစ္ဆိတံငှက်ပျော်ကြော်လုပ်ငန်းဟာလည်း အဲဒီအခြေအနေတွေကြောင့် လုပ်ငန်းရပ်ဆိုင်းထားရတယ်လို့ မြို့ခံလုပ်ငန်းရှင်တဦးကပြောပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီနဲ့ရခိုင်မှာ ဆန်စပါးဈေး တဟုန်ထိုး စံချိန်တင်မြင့်တက်

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေကဒေသ တွင်း ဆန်စပါးဈေးကွက် တွေမှာ စပါးဈေး နဲ့ ဆန်ဈေး တွေ ဟာတဟုန်ထိုး စံချိန်တင် မြင့်တက် နေတယ်လို့ ဒေသခံ ဆန်စပါး ရောင်းဝယ် သူတွေနဲ့တောင်သူတွေ ဆီက သိရပါတယ်။  ဇန်နဝါရီ နောက်ဆုံးပတ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီတိုင်းတည်ငြိမ်နေတယ်လို့ စစ်ခေါင်းဆောင်မာန်ဝင့်နေ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းစစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေပြီး မငြိမ်မသက်မှုတွေဖြစ်နေချိန်မှာ ဧရာဝတီတိုင်းဒေသကြီးက တည်ငြိမ်အေးချမ်းနေပြီး ဘက်ပေါင်းစုံကောင်းမွန်နေတဲ့အနေအထားဖြစ်နေလို့ ကျေနပ်မှုရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးဟာ ကျောင်းတက်သူရာခိုင်နှုန်းအများဆုံးဖြစ်သလို အောင်ချက်လည်းကောင်းနေပြီးဘက်ပေါင်းစုံက ကောင်းမွန်တဲ့အနေအထားဖြစ်နေတဲ့အတွက် အားကိုးရတယ်လို့လည်း မနေ့ ဖေဖော်ဝါရီ၈ရက်နေ့ကစစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးအစိုးရနဲ့တွေ့ဆုံချိန်ပြောကြားခဲ့တာပါဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောင်ခံတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်မြို့ပေါ်က ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ထောင်နှစ်ရှည်ချ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဟိုတယ်ရှေ့အပါအဝင် ပုသိမ် ကညနရုံး နဲ့အထည်ချုုပ်စက်ရုံမှာပြီးခဲ့တဲ့နှစ် ဇွန်လကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်က စွပ်စွဲဖမ်းဆီးထားသူ ၁၁ဦးကို ပုသိမ်ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေချလိုက် တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အခုလိုထောင်နှစ်ရှည်ခံရသူတွေဟာ တနှစ်ကျော်လောက်ဖမ်းဆီးခံထားရပြီးနောက် အခုဇန်နဝါရီလထဲမှာ အမိန့်ချမှတ်လိုက်တာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ငရုတ်ကောင်းဒေသကာကွယ်ရေးတပ်စခန်းက လက်နက်ခဲယမ်းတွေ စစ်ကောင်စီ သိမ်းဆည်းရမိတယ်လို့ဆို

ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း ကမ်းခြေမြို့ သစ်တောတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တောတွင်းစခန်းက လက်နက်ခဲယမ်းတွေကို စစ်ကောင်စီကပြီးခဲ့တဲ့ဇန်နဝါရီ ၁၅ မှာ တွေရှိပြီး သိမ်းဆည်းသွားတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ငရုတ်ကောင်း ဒေသမှာရှိတဲ့ သစ်တောတွေထဲအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်မှာလွတ်လပ်ရေးနေ့အလံမထောင်လို့ဆိုကာ အုပ်ချုပ်ရေးအဖွဲ့က တအိမ်ကျပ်နှစ်သောင်း ဒဏ်ရိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က နိုင်ငံတော်အလံမထောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဒဏ်ရိုက်တယ်လို့ဆိုကာ တအိမ်ကျပ်နှစ်သောင်း အတင်းအကျပ်လိုက်လံတောင်းခံနေတယ်လို့ မြို့ခံတချို့က DNA ကိုပြောပါတယ်။  ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်မှာကျရောက်ခဲ့တဲ့ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ မှာပုသိမ်မြို့ကနေအိမ်တွေ [ဆက်လက်ဖတ်ရှုရန်]