နိုင်ငံရေး

မြန်မာ့အရေး အာဆီယံအစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတ တောင်းဆို

လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး အာဆီယံခေါင်းဆောင်တွေအနေနဲ့ အဆင့်မြင့်အရာရှိ အစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အမြန်ဆုံး အစည်းအဝေးခေါ်ဖို့ အာဆီယံအကြီးအကဲဖြစ်တဲ့ ဘရုနိုင်းဘုရင်ကို ချက်ချင်းတောင်းဆိုသွားမှာပါ လို့ သူက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောလိုက်တာပါ။ ဘရုနိုင်းနိုင်ငံဟာ လက်ရှိအာဆီယံဥက္ကဌတာဝန်ယူထားတာ ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]