ဒေသအလိုက် သတင်းကဏ္ဍ

နယ်မြေမတည်ငြိမ်လို့ကျိုက်ထီးရိုးက အထမ်းသမားတွေ ကျပန်းလုပ်ကိုင်နေရ

မတ်၊ ၁၃ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးဘုရားတောင်အနီးတဝိုက်မှာတိုက်ပွဲမကြာခနဖြစ်ပွားတာနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့်တောင်ထမ်းသမားသမားတွေဟာစားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်နေကြရပါတယ်။ ကျိုက်ထီးရိုးဘုရားအနီးတဝိုက်ဖြစ်တဲ့ကဒိုင်ဒွတ်၊ကျောက်ဖျာ၊မဲရုံးကြီးစတဲ့ကျေးရွာတွေမှာပြီးခဲ့နှစ် နိုဝင်ဘာလကနေအခုနှစ်မတ်လဒုတိယအပတ်အထိတိုက်ပွဲဖြစ်ပွားနေတာနဲ့နယ်​မြေမတည်ငြိမ်မှုတွေရှိနေတာပါ။ အခုလိုနယ်မြေမတည်ငြိမ်တာနဲ့တိုက်ပွဲတွေမကြာခနဖြစ်ပွားတာတွေကြောင့် ကျိုက်ထီးရိုးဘုရားဖူးခရီးသည်လျော့နည်းလာတာနဲ့အတူဘုရားဖူးတွေအတွက်ဝန်ဆောင်မှုပေးနေကြတဲ့တောင်ထမ်းသမားအရေအတွက်တွေဟာလျော့နည်းလာတယ်လို့ ကင်းမွန်းချောင်းကျေးရွာကစျေးသည်အမျိုးသမီးတဦးကပြောပါတယ်။ “မနှစ်နိုဝင်ဘာလထဲက တောင်ထမ်းသမားတွေလျော့သွားတယ်။ ကြားထဲမှာပစ်ခတ်တာမကြာခဏဖြစ်တော့ ဘုရားဖူးခရီးသည်တွေလည်းနည်းသွားတာလည်းပါတယ်။နောက်ကားတွေနဲ့တက်တာရယ်တောင်တက်ရထားစီးတာရယ်ဆိုတော့အထမ်းသမားတွေအလုပ်ပါးသွားတယ်” လို့သူမကပြောပါတယ်။ ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၁၂ရက် ကျိုက်ထီးရိုးတောင်ခြေမှာပစ်ခတ်မှုဖြစ်ပွါးပြီး ဘုရားဖူးအမျိုူသမီး [ဆက်လက်ဖတ်ရှုရန်]