ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း၊ သလွန်ဖြူရွာကို မနက် ၅နာရီလောက်မှာ အကြမ်းဖက်စစ်တပ်ဝင်စီး

ဒီနေ့မနက်၅နာရီလောက်မှာ စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာကို အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်းသိရပါတယ်။ လတ်တလောသတင်းတေွအရ သံပန်းလုပ်ငန်းလုပ်ကိုင်သူတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းနွေဦး တော်လှန်ရေးစာမျက်နှာစစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ ‘အခုအချိန်ထိတော့ သတင်းစောင့်နေရတုန်းပဲ။တစ်အိမ်တက်ဆင်း ရှာ ဖွေတာတွေရှိတယ်လို့လည်း ကြား နေရတယ်။ရွာသားဘယ်နှဉီးဖမ်းသွားသလဲဆိုတာ မသိရသေးဘူး’လို့ စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]