ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ စစ်အုပ်စုက သပိတ်အဖွဲ့ဝင်တွေကို အပြင်းအထန်ရှာဖွေနေ၊ မြေပြင်ရဲဘော်တွေ အထူးသတိထားဖို့ သပိတ်ကော်မတီတွေသတိပေး

ရန်ကုန်တိုင်းထဲမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းကိုသုံးပြီး ရန်ကုန်မှာရှိတဲ့ သပိတ်အဖွဲ့ဝင်တွေကို အပြင်းအထန်ရှာဖွေမှုတွေလုပ်နေတာကြောင့် မြေပြင်ရဲဘော်တွေအနေနဲ့ အထူးသတိထားဖို့ သပိတ်ကော်မတီတွေက အသိပေးနှိုးဆော်မှုတွေကို လုပ်ဆောင်နေကြရပါတယ်။ အကြမ်းဖက်စစ်တပ်က ဇွန် ၁၃ရက် ညပိုင်းကမြို့နယ်အများအပြားမှာ အင်အားအလုံးအရင်းသုံးပြီး နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြကာ သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]