နိုင်ငံရေး

ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးပေးတာ၊ ဖျက်သိမ်းတာတွေလုပ်ခံနေရ

အောက်တိုဘာ ၊ ၂၈ ပြည်ပနိုင်ငံတွေမှာရှိနေတဲ့ အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ​တွေကို စစ်ကောင်စီသံရုံးတွေကစောင့် ကြည့်၊အမည်ပျက်စာရင်းသွင်းပြီးနိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးတာ၊ဖျက်သိမ်းတာတွေလုပ်နေတာ ကြောင့်လှုပ်ရှားမှုတွေကိုသတိထားလုပ်လာကြရတယ်လို့ ပြည်ပရောက်မြန်မာ့အရေးလှုပ် ရှားသူတွေကပြော ပါတယ်။ “စစ်ကောင်စီသတင်းပေးတွေကလည်း ပြည်ပမှာအသီးသီးရှိတယ်၊သူတို့ရန်လည်း သတိထားရတယ်၊ သံရုံးရဲ့ စောင့်ကြည့် တာတွေလည်းခံရတယ်၊အခုနောက်ပိုင်းသိပ်ပေါ်ပေါ်ထင်ထင်မလှုပ်ရှားဖြစ်တော့ဘူး”လို့ ဒူဘိုင်း ရောက်မြန်မာတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]