မဟနအဖွဲ့ဝင်ဟောင်းဆရာတော်ပစ်ခတ်ခံရမှုနဲ့ ဝိရောဓိများ
ဇွန်၊ ၂၀ ပဲခူးမြို့က လူသိများတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ပဓာန နာယကဆရာတော် အရှင် မုနိန္ဒာဘိဝံသဟာ မနေ့က မန္တလေးကိုခရီးသွားရင်း ငါန်းဇွန်မြို့နယ်အတွင်း ပစ်ခတ်ခံရပြီးပျံလွန်တော်မူခဲ့ပါတယ်။ သာသနာရေးနယ်ပယ်မှာ ထင်ရှားတဲ့ကျမ်းပြုဆရာတော်တပါးဖြစ်သလို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဟောင်းလည်းဖြစ်တဲ့ဒီဆရာတော်ဟာသူလိုက်ပါလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆရာတော်ဦးခေါင်းနောက် စေ့ကိုလက်နက်ငယ်ကျည်ထိမှန်ပြီးပျံလွန်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]