ဒေသအလိုက် သတင်းကဏ္ဍ

ဆေးကုခွင့် ကန့်သတ်ခံထားရတဲ့ စစ်တွေ ရိုဟင်ဂျာစခန်းတွေမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ တရာနီးပါးရှိလာ

ဧပြီ၊ ၂၁ စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာကျေးရွာနဲ့ ဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူတွေ အများအပြားရှိနေပြီး နှစ်ပတ်ကျော်အတွင်း သေဆုံးသူ တရာနီးပါးအထိ ရှိနေပြီလို့ စာရင်းကောက်ယူနေသူတွေနဲ့ဒေသခံတွေက ပြောပါတယ်။ ဝမ်းရောဂါကြောင့် သေဆုံးရသူတွေထဲမှာ အသက်ငါးနှစ်အောက် ကလေးငယ်တွေအများစုပါဝင်ပြီး လူကြီးတွေပါ သေဆုံးမှုရှိလာနေတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေသဲချောင်းအုန်းတော ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူတရာကျော်ဝမ်းရောဂါဖြစ်နေပြီး ကလေးငယ်တဦးသေဆုံး

မေ၊ ၂၅ မိုခါမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက်  ရခိုင်ပြည်နယ်စစ်တွေမြို့က ရိုဟင်ဂျာစခန်းတွေမှာ အကူအညီတွေဆက်လက်လိုအပ်နေပြီး သဲချောင်းအုန်းတောရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း အသက်ငါးနှစ်အောက်ကလေးတွေ အပါအဝင် လူဦးရေ ၁၀၀ ကျော်က ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အဝီစိရေတွင်းတုံကင်တွေမှာ ဆားငံရေဝင်ရောက်သွားတာ၊ သောက်သုံးရေရှားပါးလာတဲ့ အခက်အခဲတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဖယ်ခုံမြို့က ရွာတစ်ရွာမှာ လူဦးရေထက်ဝက်လောက် ဝမ်းရောဂါဖြစ်၊ ခုနှစ်လအရွယ် ကလေးငယ်တစ်ဦး သေဆုံး

ကယားပြည်နယ်၊ ဖယ်ခုံမြို့အနောက်ဘက်က အိမ်ထောင်စု၅၁စု၊ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာမှာ လူဦးရေရဲ့တဝက်နီးပါးဟာ ဝမ်းရောဂါခံစားနေရပြီး အခုရက်ပိုင်းမှာ အဲဒီရောဂါကြောင့် (၇)လအရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က DNA ကိုပြောပါတယ်။ “တော်တော်များများ ကလေးတွေက ကိုယ်တွေပူပြီး [ဆက်လက်ဖတ်ရှုရန်]