ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား ခြောက်ဦး ထပ်မံသေဆုံး ၊ တပတ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိ

မတ် ၊ ၂၁ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကိုလေကြောင်းကဗုံးကြဲခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူအပြီး မင်းပြားမြို့နယ် သေကန်ကျေးရွာမြင်ကွင်း

ဖေဖော်ဝါရီ၊ ၂၇  မင်းပြားမြို့နယ်သေကန်ရွာရှိစစ်ဘေးရှောင်တွေတည်းခိုနေတဲ့စာသင်ကျောင်းတကျောင်းနဲ့ရွာထဲကိုစစ်ကောင်စီကဒီကနေ့မနက်၁နာရီကျော်လောက်မှာလေကြောင်းက ဗုံးကြဲခဲ့ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မူမှာ စစ်ဘေးရှောင်တွေအပါအဝင် အရပ်သား၃၀နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေကန်ကျေးရွာကထိခိုက်ဒဏ်ရရှိခဲ့တဲ့ပြည်သူတွေနဲ့နေအိမ်အဆောက်အဦးတွေရဲ့ဓါတ်ပုံတွေကို လက်လှမ်းမီသလောက် DNAကစုစည်းဖော်ပြလိုက်ပါတယ်။ ဒါအပြင်ဒီကနေ့ဖေဖော်ဝါရီလ (၂၇) ရက်နံနက် ၁ နာရီ ၄၅မိနစ်မှာ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကိူအကြမ်းဖက်စစ်ကောင်စီမှ  ဂျက်တိုက်လေယာဉ်တစ်စီးနဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လိုAAကထုတ်ပြန်ထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]