ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပေါက်ကံမှာ နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်ပြီး လူငယ်တဦးသေဆုံး၊တဦးဖမ်းဆီးခံရ

မေ၊ ၁၂ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံမြို့သစ်ကနေအိမ်တအိမ်မှာ မနေ့ကညပိုင်းကပေါက်ကွဲမှုဖြစ်ကာ လူငယ်တဦးသေဆုံးသလို နောက်ထပ်တဦးကတော့ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရွှေပေါက်ကံမြို့သစ်(၁၃)ရပ်ကွက်၊ကျောက်ဆည်လမ်းရှိ နေအိမ်တအိမ်မှာ မနေ့ရ ညနေ ခြောက်နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့်လူငယ်တဦးနေရာမှာပဲသေဆုံးကာ တအိမ်တည်းအတူနေတဲ့ နောက်ထပ်လူငယ်တဦးကတော့ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။ “ဘာကနေ ပေါက်တာလည်းတော့ မသိဘူး၊ အသံတော့ကြားလိုက်ရတယ်၊ [ဆက်လက်ဖတ်ရှုရန်]