ဒေသအလိုက် သတင်းကဏ္ဍ

ရေးမြို့နယ်မှာ အိမ်စီးကားတစီးပစ်ခတ်ခံရလို့ နှစ်ဦးဒဏ်ရာရ၊တဦးစိုးရိမ်ရ

ဧပြီ၊ ၁၀  မွန်ပြည်နယ်၊ ရေးမြို့နယ်လိမ္မော်ခြံကျေးရွာအနီးက အဝေးပြေးကားလမ်းမပေါ်မှာ ဒီကနေ့မနက် ၁၁ နာရီဝန်း ကျင်က အိမ်စီးကားတစီး ပစ်ခတ်ခံရတာကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရပြီး တဦး ဒဏ်ရာပြင်း ထန် တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားသုံးဆူမြို့ဘက်ကနေ ရေးမြို့နယ်ဘက်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမှာမြေမြုပ်မိုင်းကြောင့်လေးဦး ထိခိုက်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ထိန့်လန့်နေရ

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊လမိုင်းမြို့မှာပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ၁၇ရက်နေ့အထိ သုံးပတ်အတွင်းမြေမြုပ်မိုင်းကြောင့်ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်ဒေသခံတွေဟာမြေမြုပ်မိုင်းအန္တရာယ်တွေအပေါ်စိုးရိမ်ထိန့်လန့်နေကြရပါတယ်။ လမိုင်းမြို့ ၊ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခလရ( ၆၁)ကင်းစခန်းအနီးတဝိုက်မှာမြေမြုပ်မိုင်းတွေထောင်ထားတာကြောင့်ဒေသခံတွေသွားလာရာတွင်မကြာခဏမိုင်းနင်းမိတာနဲ့ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ လမိုင်းမြို့ခံတစ်ဦးကပြောပါတယ်။ ” ဘေးကလွဲရွာကချောင်းကူးကြိုးတံတားအနီးမှာမိုင်းတွေထောင်ထားတယ်။အဲ့မှာခလရ၆၁ကလည်းတပ်စွဲထားတယ်။တပ်စွဲတဲ့နေရာကိုဖြတ်ပြီးတံတားဘက်သွားတဲ့သူတိုင်းမိုင်းနင်းမိလို့ ခြေလက်တွေထိတာခနခနပဲဖြစ်နေတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်မှာ ဓားခုတ်သတ်ဖြတ်ခံထားရတဲ့ ဆယ့်သုံးနှစ်အရွယ် ကလေးအလောင်းတလောင်းတွေ့

မွန်ပြည်နယ်၊ရေးမြို့နယ် ရေး-လမိုင်းရထားလမ်းဘေးမှာ ဓားခုတ်သတ်ဖြတ်ခံထားရတဲ့ (၁၃)နှစ်အရွယ် ကလေးတဦးရဲ့ရုပ်အလောင်းကို ဇန်နဝါရီ (၂၂)ရက်မှာတွေ့ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ အဲ့ဒီကလေးငယ်ရဲ့ ရုပ်အလောင်းကို သစ်ကိုင်းတွေနဲ့ ဖုံးဖိဖျောက်ဖျက်ထားတာဖြစ်ပြီး အလောင်းတွေ့ရချိန်မှာ သတ်ဖြတ်ခံထားရတာ ငါးနာရီဝန်းကျင်ကြာပြီလို့ မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။ “သူ့အဖေအမေအလုပ်လုပ်တဲ့ခြံထဲမှာကလေးကသေနေတာ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်ကသတင်းရဲတပ်ဖွဲ့တာဝန်ခံပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ဒီကနေ့ (ဇန်နဝါရီ ၉)ရက် မနက်ပိုင်းက သတင်းရဲတပ်ဖွဲ့ဝင် ရဲအုပ်တဦး  ပစ်ခတ်ခံရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ မြို့နယ်သတင်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ်ညီညီဆိုသူဟာ ဒီကနေ့ မနက် ၆ နာရီကျော်က ဆိုင်ကယ်မောင်းနှင်လာချိန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေးမြို့နယ်မှာ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ အမြှောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံလေးဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်းကျေးရွာထဲကို ဇန်နဝါရီ (၂) ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီး ကျည်တွေကျလို့ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာတွေ ရကြတယ်လို့ သိရပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလမိုင်းရွာခံ သုံးဦးအပါအဝင် အရပ်သားလေးဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေးမြို့နယ်၊ မလွှဲတောင်အနီးမှာ ခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ

မွန်ပြည်နယ်နဲ့ တနင်္သါရီတိုင်း အစပ်ဒေသဖြစ်တဲ့ ရေးနဲ့ရေဖြူမြို့နယ်တို့ကြား မလွှဲတောင်အနီးမှာ ဒီကနေ့ ဇန်နဝါရီ (၂) ရက် မနက်အစောပိုင်းက ရွှေဝယ်သူခရီးသည်တင်မှန်လုံယာဥ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ကုန်တင်ယာဉ် မောင်းသူနှင်သူတွေဆီက သိရပါတယ်။ မော်လမြိုင်မြို့ကနေ မြိတ်ဘက်ကို မောင်းနှင်လာတဲ့ ရွှေဝယ်သူခရီးသည်တင်ကားကို မွန်ပြည်နယ်ဘက်ခြမ်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်ကစစ်တပ်ပိုင် ဖုန်းတာဝါတိုင် ဖျက်ဆီးခံရပြီးစစ်တပ်နဲ့ကာကွယ်ရေးတပ်အပြန်အလှန်ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာ ဟောင်းအနီးမှာ ဒီကနေ့ ဇန်နဝါရီ (၂) ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ “ပထမတစ်ချက်သေနတ်ပစ်သံအရင်ကြားတယ်၊ အဲဒါပြီးတော့ ခဏပြန်တိတ်သွားတယ်၊ ခဏအကြာမှာအပြန်အလှန်ပစ်ခတ်သံကြားရတာ၊ ဘယ်သူနဲ့ ဘယ်သူပစ်တာလဲတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ် ကျောင်းရွာမှာ စစ်ကောင်စီကား ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာဘက်ကို ဝင်လာတဲ့ စစ်ကောင်စီကားတစီး ဒီကနေ ဒီဇင်ဘာ (၂၇)ရက် မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တပ်ဖွဲ့ဝင်အင်အား (၁၀)ဦး လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ စစ်ကားတစ်စီး ကျောင်းရွာဘက်ကို မောင်းနှင်ဖြတ်သန်းချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေးမြို့နယ်မှာ ဒုအရာခံဗိုလ်အပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကို KNLA ပူးပေါင်းတပ်က ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒုအရာခံဗိုလ်တဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကို စက်တင်ဘာလ (၄) ရက်နေ့မှာ KNLA ပူးပေါင်းတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) အဖွဲ့ဝင် ဗိုလ်ကျန်ရစ်က DNA ကိုပြောပါတယ်။ “သူတို့က သင်တန်းဆင်းပြီး ပြန်လာတာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို ရေးမြို့နယ် မဟာမိတ်တပ်ဦး ပိတ်ဆို့တိုက်ခိုက်

အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ရေးမြို့နယ်မဟာမိတ်တပ်ဦးက ပိတ်ဆို့တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။ ရေးမြို့နယ် မဟာမိတ်တပ်ဦးဟာ တပ်စိတ် ၁၀ စိတ်နဲ့ မိုးထဲလေထဲမှာ တိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့ ဒီနေ့နေ့ခင်း ၁၂ နာရီကျော်မှာ မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]