ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို ရေးမြို့နယ် မဟာမိတ်တပ်ဦး ပိတ်ဆို့တိုက်ခိုက်

အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ရေးမြို့နယ်မဟာမိတ်တပ်ဦးက ပိတ်ဆို့တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။
ရေးမြို့နယ် မဟာမိတ်တပ်ဦးဟာ တပ်စိတ် ၁၀ စိတ်နဲ့ မိုးထဲလေထဲမှာ တိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့ ဒီနေ့နေ့ခင်း ၁၂ နာရီကျော်မှာ မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
ရေးမြို့နယ် မဟာမိတ်တပ်ဦး၊ တပ်စိတ် ၈ နဲ့ တပ်စိတ် ၁၀ တို့ဟာ အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ ရွာကလေးကျေးရွာအနီးမှာ တစ်နာရီလောက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အကြမ်းဖက်စစ်တပ်ဟာ မဟာမိတ်တပ်ဦး၊ တပ်စိတ် ၈ ကို ကင်းပုန်းနဲ့ အရင်ပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်မှု မရှိခဲ့ပါဘူး။

Delta News

Read Previous

ခရမ်း၊ကရင်ကန်ဂိတ်မှာ လိုင်စင်မပါတဲ့ ဆိုင်ကယ်စီးအမျိုးသားတွေကို သဲအိတ်ထမ်းခိုင်း

Read Next

စစ်ကိုင်းကနေ မုံရွာကိုထွက်ခွာလာတဲ့ စစ်အုပ်စုယာဉ်တန်း ၃ကြိမ် မိုင်းထိ