ဒေသအလိုက် သတင်းကဏ္ဍ

ရသေ့တောင် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AAတိုက်ခိုက်

ဖေဖော်ဝါရီ ၊ ၈ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်ရဲစခန်းကိုရက္ခိုင့်တပ်တော်(AA)က ဒီနေ့ဖေဖော်ဝါရီ၈ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်နေတယ်လို့ ေဒသတွင်းသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။ မောင်တော-အငူမော်ကားလမ်းမှာရှိတဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ဒီနေ့မနက်၇နာရီကျော်လောက်ကစတင်လို့ AAကထိုးစစ်ဆင်နေတာဖြစ်​​ပြီးစစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ “တပ်တော်ကဝိုင်းတိုက်နေတာ။ဟိုဖက်ကတော့လေယာဥ်နဲ့လာပစ်တယ်နေ့လည်ဖက်က”””လို့ဒေသခံတစ်ဦးကဆိုပါတယ်။ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်လောက်ရှိတယ်လို့လည်း အဲဒီဒေသခံကပြောပါတယ်။ ကိုးတန်ကောက်စခန်းနားမှာတည်ရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရသေ့တောင်မှာ တပ်ဆုတ်ထွက်ပြေးတဲ့ စစ်တပ်တိုက်ခိုက်ခံရ၊ တရာ့ငါးဆယ်ဝန်းကျင် AAဖမ်းမိ

ဇန်နဝါရီ၊ ၁၅ ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာအပါ အ ဝင် အနီးတဝိုက်စခန်းတွေကထွက်ပြေးလာကြတဲ့ အင်အားနှစ်ရာဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၅၀ နီးပါးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ “အားလုံး တရာ့လေးဆယ်လောက်ရတယ်၊ ပြေးမလွတ်တော့လို့ အလင်းဝင်တာရော၊ ထွက်ပြေးလို့ လိုက်ဖမ်းတာရော၊ [ဆက်လက်ဖတ်ရှုရန်]