စမ်းချောင်းဂွစျေးအနီး ဗုံးတွေ့အပြီး အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်

စမ်းချောင်းဂွစျေးအနီး ဗုံးတွေ့အပြီး အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊မကြီးကြီးလမ်းနဲ့ဗဟိုလမ်းထောင့်မှာရှိတဲ့ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိတယ်လို့ဆိုပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်တာ၊စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးဟာ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ ဒီကနေ့ဇူလိုင် ၃၀ ရက်၊မွန်းလွဲ ၁နာရီဝန်းကျင်က တွေ့ရှိခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး လမ်းသွားလမ်းလာအချို့ကို စစ်ဆေးတာ၊ ဗဟိုလမ်း၊ မကြီးကြီးလမ်း စတဲ့လမ်းတွေကို ပိတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ယာဥ်ကြောကြပ်တည်းမှုတွေဖြစ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီနောက်မှာတော့ အကြမ်းဖက်စစ်တပ်တွေဟာ အဲ့ဒီနေရာကနေ ပြန်လည်ထွက်ခွာသွားပြီလို့ သူက…

Read More
ရန်ကုန်မှာ အိမ်သုံးဂက်စ်ပြတ်လပ်ပြီး ဈေးတက်နေ

ရန်ကုန်မှာ အိမ်သုံးဂက်စ်ပြတ်လပ်ပြီး ဈေးတက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသွေးအစားထိုးအသုံးပြုနေရတဲ့ အိမ်သုံးဂက်စ်တွေ ပြတ်လပ်မှုကြောင့် စားသောက်ဆိုင်အချို့နဲ့ ဂက်စ်မီးဖို အသုံးပြုသူတွေအနေနဲ့အခက်တွေဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “အခု ၃၊ ၄ ရက်လောက်ရှိပြီ ဂက်စ်တွေမရတာ၊ စက်ရုံတွေကကို မရတာဖြစ်နေတော့ ကျွန်တော်တို့ဆီမှာလည်း မရှိတော့သလောက်ဖြစ်နေပြီ။ နောက်ပိုင်းရက်တွေမှာ ရ၊ မရတောင်မသိဘူး။ အခုတောင်ရှိတာပဲ ရောင်းနေတာ။” လို့ အိမ်သုံးဂက်စ်နဲ့ ဂက်စ်မီးဖိုအမျိုးမျိုးရောင်းချနေတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အိမ်သုံးဂက်စ်တွေ ပြတ်လပ်မှုရှိလာနေတာကြောင့် အရင်က ဂက်စ်တစ်ပိဿာကို ၄၀၀၀ ကျပ်သာရှိခဲ့ပေမယ့် လက်ရှိမှာ…

Read More
မရမ်းကုန်း (၂) ရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

မရမ်းကုန်း (၂) ရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်က ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးမောင်လတ်ဆိုသူကို ဒီကနေ့မနက်ပိုင်းမှာ အမည်မသိလက်နက်ကိုင်လူတစ်စုက သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက် ၇နာရီကျော်လောက်က မရမ်းကုန်းမြို့နယ်၊အမှတ်(၂)ရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ ဦးမောင်လတ်ဟာ အလယ်ဗဟိုလမ်း၊ဦးဗဟန်မီးပွိုင့်နဲ့ဦးအောင်ပွင့်လမ်းအနီးမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ ရတာဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်ရဲ့ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ သမိုင်းလမ်းဆုံနဲ့ဘုရင့်နောင်ရဲ့ကြားမှာ အလယ်ဗဟိုလမ်းဆိုတာရှိတယ်။ဦးဗဟန်မှတ်တိုင်ဆိုရင် သိကြတယ်။အဲ့ဒိအလယ်ဗဟိုလမ်းမီးပွိုင့်နားမှာဖြစ်သွားတာ။သေသွားတာပေါ့။အဲ့ဒီနေရာမှာဘဲ သေဆုံးသွားတာပါ။”လို့ အမှတ်ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာတော့ အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းမှုတွေလုပ်ကာ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာ…

Read More
ရန်ကုန်မှာ လာမယ့်သီတင်းပတ်အထိ ဖောက်ခွဲမှုတွေလုပ်သွားမယ်လို့ Burma Dragon Army အဖွဲ့ထုတ်ပြန်

ရန်ကုန်မှာ လာမယ့်သီတင်းပတ်အထိ ဖောက်ခွဲမှုတွေလုပ်သွားမယ်လို့ Burma Dragon Army အဖွဲ့ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ၊ အုပ်ချုပ်ရေးရုံးတွေအပြင် စစ်အုပ်စုရဲ့ထောက်တိုင်နေရာတွေကို ဇူလိုင် ၁၇ရက်နေ့အထိ ဖောက်ခွဲတိုက်ခိုက်သွားမယ်လို့ Burma Dragon Army B.D.A အဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလိုဖောက်ခွဲတိုက်ခိုက်နေတာကို Burma Dragon Army B.D.A အဖွဲ့အနေနဲ့ ဇူလိုင် ၁၀ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Burma Dragon Army B.D.A အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အများအပြားမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာဖြစ်တာကြောင့် အများပြည်သူအနေနဲ့ အကြမ်းဖက်စစ်တပ်၊…

Read More
ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ညပိုင်းအချိန် ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့

ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ညပိုင်းအချိန် ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ ဇူလိုင် ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေဟာ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ နဲ့ အရှေ့ဒဂုံ စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။ မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ Ocean Center အရှေ့က ရဲကင်းရုံနားမှာတော့ ဇူလိုင် ၁၁ ရက် ည ၁၀…

Read More
အကြမ်းဖက်စစ်တပ်၊ တရားရေးဌာနနဲ့ လူပုဂ္ဂိုလ်တွေကို ပြန်လည်တရားစီရင်တိုက်ခိုက်မယ်လို့ GHF ထုတ်ပြန်

အကြမ်းဖက်စစ်တပ်၊ တရားရေးဌာနနဲ့ လူပုဂ္ဂိုလ်တွေကို ပြန်လည်တရားစီရင်တိုက်ခိုက်မယ်လို့ GHF ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးမှာ အကြမ်းဖက်စစ်အုပ်စု အပါအဝင် မတရားသဖြင့် ပူးပေါင်းဆောင်ရွက်နေတဲ့ တရားရေးဌာနနဲ့လူပုဂ္ဂိုလ်တွေကို ပြန်လည်တရားစီရင်တိုက်ခိုက်သွားမယ်လို့ God’s Hand Forces (GHF) က ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ GHFအဖွဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်တပ်နဲ့ ထောက်တိုင်အဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်တွေကို စစ်ဆင်ရေးတစ်ခုအနေနဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်နေရာမှာ ဇူလိုင် ၁၁ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်၊၉ ရပ်ကွက် Ocean Center အနီးက ယာဥ်ထိန်းရုံးကို ဖောက်ခွဲခဲ့တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

Read More
စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲမှုဖြစ်ပွား

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မြေနီကုန်း ဂုံးတံတားအောက်မှာ ဒီကနေ နေ့လည် ၃နာရီအချိန်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၁ဦး ၊အမျိုးသမီး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွကပြောပါတယ်။ “မြေနီကုန်းတံတားအောက်မှာဖြစ်တာ ၊ ထိခိုက်ဒဏ်ရာရသူတွေရှိတယ် ၊ ကနဦး လူနာ၃ယောက်ကို ဆေးရုံပို့ဆောင်ထားပါတယ်ခင်ဗျ။ အမျိုးသမီး ၂ဦး ၊အမျိူးသား ၁ဦးပါ။”လို့ ရှင်စောပုရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အကြမ်းဖက်စစ်တပ် ရောက်ရှိလာပြီး…

Read More
ရန်ကုန်ကို စွန့်ခွာတော့မယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ YPDF (Bahan) ထုတ်ပြန်

ရန်ကုန်ကို စွန့်ခွာတော့မယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ YPDF (Bahan) ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်တပ်နဲ့သတင်းပေး၊ဒလန်ရှင်းလင်းရေး စတဲ့တော်လှန်ရေးလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေတဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon People’s Defence Force (Bahan) အဖွဲ့အနေနဲ့ အဖွဲ့ရပ်တည်ရေးခက်ခဲလာတာကြောင့် ရန်ကုန်ကိုစွန့်ခွာတော့မယ်လို့ ထုတ်ပြန်ပါတယ်။ အခုလို ထုတ်ပြန်ချက်ကို ဒီကနေ့ ဇူလိုင် ၆ ရက်ညပိုင်းမှာ Yangon People’s Defence Force (Bahan)အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ ငွေကြေးအခက်အခဲကြောင့် အဖွဲ့ဝင်တွေအနေနဲ့ အလုပ်လုပ်ကိုင်ပြီးရပ်တည်နေရတာ၊ Mission တွေကိုလုပ်ဆောင်ရာမှာ ရှိတဲ့ပစ္စည်းနဲ့ဓားတို့ကိုသာ အသုံးပြုပြီး mission တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပေမယ့်…

Read More
ကျောက်မြောင်း ကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး နှစ်လုံးနဲ့ ဖောက်ခွဲခံရ

ကျောက်မြောင်း ကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး နှစ်လုံးနဲ့ ဖောက်ခွဲခံရ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မနေ့က ဇူလိုင်လ ၃ရက်နေ့မှာလက်ပစ်ဗုံး နှစ်လုံးဖြင့်ဖောက်ခွဲခဲ့ကြောင်း မြို့ပြပျောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝိမုတ္တိ-လွတ်မြောက်ခြင်း သူပုန်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဝိမုတ္တိ-လွတ်မြောက်ခြင်း သူပုန်အဖွဲ့မှ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အတွက် မွေးနေ့လက်ဆောင်ပေးတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ပြန်ခဲ့တာပါ။ ဖောက်ခွဲမှုအတွင်း ရုံးအတွင်းရှိနေတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင် လူ (၆) ဦးခန့် ကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာဖြစ်ပြီး အနည်းဆုံး ၂ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ လူသေဆုံးမှု ရှိ…

Read More
ရန်ကုန်၊ စမ်းချောင်းက ကျောင်းတချို့မှာ သတိပေးစာကပ်ထားတာကြောင့် ကလေးတွေကို ပြန်ခေါ်နေ

ရန်ကုန်၊ စမ်းချောင်းက ကျောင်းတချို့မှာ သတိပေးစာကပ်ထားတာကြောင့် ကလေးတွေကို ပြန်ခေါ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်က ကျောင်းတချို့မှာ ကျောင်းမတက်ဖို့သတိပေးစာ ကပ်ထားတာကြောင့် ဒီကနေ့ ဇွန် ၂၉ ရက်မနက်ပိုင်းက ကျောင်းသား၊ကျောင်းသူတွေကို ကျောင်းသားမိဘတွေက ကျောင်းကနေ ပြန်လာခေါ်နေကြတယ်လို့ စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက DNA ကိုပြောပါတယ်။ လက်ရှိမှာ စမ်းချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကျောင်းအသီးသီးကနေ ကျောင်းသားမိဘတွေက သူတို့ရဲ့ကလေးတွေကို ပြန်ခေါ်နေကြတာလို့ အဲ့ဒိ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခု ကျောင်းသားမိဘတွေလည်း ကလေးတွေကိုစိုးရိမ်ပြီး ကျောင်းတွေကနေ ပြန်လာခေါ်နေကြတယ်။ဒီ မှာဖွင့်ထားတဲ့ကျောင်းတိုင်းလိုလိုပဲ ပြန်လာခေါ်နေကြတာ။”လို့ ဒေသခံတစ်ဦးက…

Read More