မကွေးတိုင်း၊ယောဒေသထီးလင်းမြို့နယ်မှာ စစ်ကောင်စီက တနှစ်အတွင်း ကျေးရွာ၁၁ ရွာက နေအိမ် (၁၃၈) လုံးကိုမီးရှို့ပြီး လူနှစ်ဆယ်ကိုသတ်ဖြတ်ခဲ့တယ်လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်(YRA) ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ “ပြည်သူနှစ်ဆယ်သတ်ဖြတ်ခံရတာက ကျွန်တော်တို့နယ်စာရင်း၊ မြို့ပေါ်ကဟာ(အချက်အလက်) တွေ မပါသေးဘူး၊မြို့ပေါ်စစ်ကြောရေးမှာသေတာ ကျွန်တော်တို့သိသလောက် ခုနစ်ယောက်လောက် ရှိတယ်” လို့ ကာကွယ်ရေး အဖွဲ့ဝင်တဦးကပြောပါတယ်။ ထီးလင်းမြို့နယ်မှာ မီးရှို့ခံရတဲ့ကျေးရွာတွေထဲ ထန်းပင်ကုန်းကျေးရွာက နေအိမ်အရေအတွက်အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး အိမ်ခြေ(၇၀)ဝန်းကျင်လောက် မီးသင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့ စစ်ကြောင်းဟာ…
Read More