ဒေသအလိုက် သတင်းကဏ္ဍ

ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတဲ့ လက်မှုပညာနဲ့ စလူယပ်တောင်လုပ်ငန်း

ဇူလိုင်၊ ၂၈ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နဲ့ မြောင်းမြမြို့တွေမှာ ရက်လုပ်ကြတဲ့ စလူယပ်တောင် လုပ်ငန်းဟာ မိရိုးဖလာလုပ်ငန်း တခုဖြစ်သလို ဆယ့်နှစ်လရာသီလုံး ရောင်းအားမပြတ်တဲ့ လက်မှုပစ္စည်းတခု ဖြစ်ခဲ့ပါတယ်။ ရာသီဥတု ပိုမိုပူပြင်းလာချိန်နဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြားမှာ အရင်ထက် နှစ်ဆနီးပါး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမှာ စည်ပင်က​ဆောက်ပေးတဲ့ ရေမြောင်းတွေ ရက်ပိုင်းအတွင်းပြိုကျ

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ စည်ပင်သာယာက အသစ်တည်ဆောက်နေတဲ့ အုတ်ရေမြောင်းတွေဟာ တည်ဆောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ နေရာအနှံ့ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်းမြမြို့အတွင်း ရေစီးရေလာကောင်းမွန်ဖို့ တည်ဆောက်လိုက်တဲ့ အုတ်ရေမြောင်းအသစ်တွေဟာ တည်ဆောက်ပြီး တစ်ပတ်အတွင်းမှာပဲ ပြိုကျကုန်တာဖြစ်တယ်လို့ သိရပါတယ်။ “အုတ်ရေမြောင်းအသစ်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပေးထား

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောင်းကစားဝိုင်းတစ်ခုကို တစ်ပတ်မှာ လိုင်းကြေး သိန်း၃၀ခန့်ထိ ရယူပြီး သိလ္လာကျေးရွာအုပ်စု ဇလပ်ကွင်းကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာတွေမှာ အနီထောင်၊လေးကောင်ဂျင်နဲ့ ကြက်ဝိုင်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုရေးအသင်းအဖွဲ့တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် မြောင်းမြမြို့မှာ စတုတ္ထလှိုင်းအတွင်း သေဆုံးသူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမြို့နယ် ကျောင်းမျက်စုကျေးရွာမှာ ဗုံးပေါက်

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် စကားမြားကျေးရွာအုပ်စု ကျောင်းမျက်စုကျေးရွာမှာ ဗုံးတစ်လုံးဖောက်ခွဲ သတိပေးခဲ့တယ်လို့ ဧရာဝတီမိုက်မိုက်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၄ရက်နေ့ ည၉နာရီ၃၀မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စကားမြားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ခေါင်းဆောင်ပိုင်းအချို့ လာရောက်မှာကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ဧရာဝတီမိုက်မိုက်အဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမြို့ သစ်စိမ့်ကုန်းကျေးရွာက ပြည်သူ တစ်ရာနီးပါး ဖမ်းဆီးခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာက ဒေသခံပြည်သူ တစ်ရာနီးပါးကို စစ်အုပ်စုက လက်နက်တွေနဲ့တကွ တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၅ရက်နေ့ ည၉နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက သစ်စိမ့်ကုန်းကျေးရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်းရေးသားသူ အလွတ်တန်းသတင်းထောက်တစ်ဦး အဖမ်းခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်း ကဗျာကို လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ခေါ်  ကိုညွှန့်လွင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။  အောက်တိုဘာလ ၃၀ရက်နေ့ မနက်ပိုင်းမှာ “ထန်တလန်ဆိုတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စက်သုံးဆီ ပြတ်လပ်သွားပြီး မြောင်းမြက ဆီဆိုင်အချို့ ပိတ်လိုက်ရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ မြောင်းမြမြို့က စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်သွားပြီး ဆီဆိုင်အချို့ ယာယီပိတ်ထားလိုက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဆီကုန်သွားလို့ ပိတ်ထားတာ မဖြစ်နိုင်ဘူး၊ မနက်ထဲက ပိတ်ထားတာ ဆီကုန်နေတယ်လို့ အကြောင်းပြပြီးတော့ ဘုရားချောင်းအဆင်းကဆိုင်ရော ပတ်လမ်းကဆိုင်တချို့ရော ပိတ်ထားတယ်၊ ကားကြီးတွေကိုပါ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

မြောင်းမြမြို့ မြောက်ပိုင်းဗလီက အောက်ဆီဂျင်တိုင်းစက်တွေကို ကာလဒါနရောင်းချ

၅၊ ဩဂုတ်လ၊ ၂၀၂၁။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြင်ပစျေးကွက်မှာ စျေးနှုန်းမြှင့်တင်ရောင်းချနေတဲ့ အောက်ဆီဂျင်တိုင်းစက်တွေကို မြောင်းမြမြို့ မြောက်ပိုင်းဗလီမှာ စက်တစ်ခုကို ခြောက်ထောင်ကျပ်နှုန်းနဲ့ တစ်ဦးကို တစ်လုံးနှုန်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ပြင်ပစျေးကွက်မှာ ကျပ်နှစ်သောင်းကနေ ကျပ် ခုနှစ်သောင်းခန့်ထိ [ဆက်လက်ဖတ်ရှုရန်]