နိုင်ငံရေး

ကသာ၊မိုးတာလေးရွာကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုမှာ သေဆုံးသူခုနှစ်ဦးထက်ပိုများနိုင်ပြီး အလောင်းတွေမကောက်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲက မိုးတားလေးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေဗုံးကျဲတိုက်ခိုက်မှုကြောင့်ဒေသခံသေဆုံးမှုဟာ၇ဦးထက်ပိုများနိုင်ပြီးကလက်ရှိအချိန်ရွာထဲကအလောင်းတွေကို ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ မနေ့ဇန်နဝါရီ ၁၈ ရက်ညပိုင်းက မိုးတာလေးရွာအနီးက တောတွင်းတနေရာမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာအတွင်းကိုဂျက်ဖိုက်တာ ၃ စီးနဲ့ ပေါင်ငါးရာ မီးလောင်ဗုံးတွေကျဲချခဲ့တာဖြစ်တယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]