မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာထဲ အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ကာ အိမ်နှစ်လုံးပျက်စီးခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီလောက်က အကြမ်းဖက်စစ်တပ်ရဲ့ လေးကေစခန်းကနေ မင်းစောကျေးရွာထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ (ဗဟို) ကထုတ်ပြန်ပါတယ်။ မင်းစောကျေးရွာနေအသက် (၂၈) နှစ်အရွယ်ရှိ နော်မာသက်ရဲ့ ညာဖက်ခြေခုံကို လက်နက်ကြီးကျည်အစ ထိမှန်ဒဏ်ရာရခဲ့ပြီး သူ့ရဲ့နေအိမ်နဲ့ နော်ကော်ဆိုသူရဲ့နေအိမ်တို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ပါတယ်။ လက်နက်ကြီးကျည်ဟာ မင်းစောရွာထဲကို…
Read More