ကျိုက်ထိုနဲ့ဘီးလင်းအနီးတဝိုက် စစ်တပ်စစ်ကြောင်းထိုးလို့ လူဦးရေတထောင်ဝန်းကျင် တိမ်းရှောင်ရ

ကျိုက်ထိုနဲ့ဘီးလင်းအနီးတဝိုက် စစ်တပ်စစ်ကြောင်းထိုးလို့ လူဦးရေတထောင်ဝန်းကျင် တိမ်းရှောင်ရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့ကြား မှာရှိတဲ့ KNUတပ်မဟာ (၁)နယ်မြေဝန်း ကျင်ကို  မနေ့က ဒီဇင်ဘာ၂၅ ရက် နေ့လယ်ပိုင်းမှာ စစ်တပ် ကစစ်ကြောင်းထိုးလာလို့နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၁၀၀၀ ဝန်းကျင်အထိရှိနေတယ်လို့ မြေပြင်သ တင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။    ကျိုက်ထို​မြို့တောင်ကလေးကျေးရွာအခြေစိုက် စစ်ကောင်စီ တပ်ရင်း ခမရ (၉၆)က အင်အား (၈၀) ကျော်နဲ့အရင်ကတည်းကတပ်စွဲထားတဲ့ဖိုးဝါးသိမ်ကျေးရွာကနေပြန်လည်ထွက်ခွာလာပြီးကျိုက်ထိုနဲ့ဘီလင်းမြို့နယ်ချင်းထိစပ်နေတဲ့ချောင်းကွေ့နဲ့ကရ ဝေးဆိပ်ကျေးရွာအနီးကိုစစ်ကြောင်းထပ်ထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။   “ရုတ်တရက်ကြီးစစ်ကြောင်းထိုးပြီးဝင်လာတာ၊ဘာပစ္စည်းမှကိုသယ်ချိန်မရဘူး၊ရွာသားတွေလည်း ကြောက်ပြီးရှောင်လိုက်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။  …

Read More
ကျိုက်ထို-ဘီးလင်းကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီလည်း ဘေးလွတ်ရာပြေးနေရ

ကျိုက်ထို-ဘီးလင်းကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီလည်း ဘေးလွတ်ရာပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့ကြားမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်တို့ကြားမနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူက DNA ကိုပြောပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုနဲ့ ဘီလင်းမြို့နယ် ထိစပ်နေရာက ဖိုးဝါးသိမ်ကျေးရွာနဲ့ ညောင်ထောက်ကျေးရွာကြားမှာရှိတဲ့ ကေအန်ယူတပ်မဟာ ၁ နယ်မြေအတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ “နေ့လည် ၁၂ နာရီခွဲမှာ ငှက်ပျောတောဘက်က စစ်ကောင်စီတပ်တွေ…

Read More