နိုင်ငံရေး

မင်းပြားနဲ့ မြေပုံမှာ စစ်တပ်ဗုံးကြဲလို့ ခြောက်ဦး သေဆုံး၊ ဆယ့်တဦး ဒဏ်ရာရ

ဧပြီ၊ ၃   ရက္ခိုင့်တပ်‌တော်(AA)က သိမ်းပိုက်ထားတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တို့မှာ မနေ့ညနေနဲ့ ဒီကနေ့မနက်အစောပိုင်း ဗုံးကြဲတိုက်ခိုက်ခံရမှု နှစ်ကြိမ်အတွင်း တက္ကသိုလ်ကျောင်းသား လူငယ်တဦးအပါအဝင် ခြောက်ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီဗုံးကြဲလို့ ရခိုင်ကဆေးရုံနဲ့ စာသင်ကျောင်းတွေ အများအပြားပျက်စီး

ဧပြီ၊ ၁  စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေမှာ အရပ်ဖက်နေရာတွေကိုလေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေပြီး အဲဒီထဲမှာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေ အများအပြား ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရခိုင် ပြည်နယ်အတွင်းမှာ ပျက်စီးခဲ့ရတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြေပုံမြို့နယ်မှာ စစ်တပ် လေကြောင်းဗုံးကြဲလို့ အရပ်သားတဦး ထပ်မံသေဆုံး၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

မတ် ၂၃ မြေပုံမြို့နယ် သရက်တောင်ကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဒီနေ့နေ့လည်ပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသားတဦး သေဆုံးကာ တဦးဒဏ်ရာရသွားခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ သရက်တောင်ရွာထဲကို နေ့လည် ၁၂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AA သိမ်းထားတဲ့ မြေပုံမြို့နယ်မှာ စစ်တပ်က လေကြောင်းဗုံးကြဲလို့ သံဃာအပါအ၀င် တဆယ်ကျော် ဒဏ်ရာရ

မတ်၊ ၂၂   မြေပုံမြို့နယ် ညောင်ခက္ကန် (ခ) ညောင်ကန်ရွာထဲကို စစ်ကောင်စီတပ်က ဒီနေ့နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်သံဃာတော်အပါအ၀င် ရွာသားတဆယ်ဦးကျော် ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့လည် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကို ဗုံးကြဲတာဟာ တပ်ဂုဏ်သိက္ခာကျစေပြီး စစ်ဥပဒေနဲ့လည်း မညီဘူးလို့ စစ်ကောင်စီတပ်ရင်းမှူး ဝေဖန်

ဖေဖော်ဝါရီ ၊ ၂၉ စစ်ကောင်စီအနေနဲ့ လက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေမှာ အရပ်သားနေရာတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသလို စစ်ဥပဒေနဲ့လည်း မညီဘူးလို့ ရက္ခိုင့်တပ်တော်(AA)ဆီမှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့စစ်ကောင်စီတပ်ရင်းမှူးက ပြောပါတယ်။ မင်းပြားမြို့နယ်အတွင်းရှိ မင်းဖူးပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းပြားရှိ တပ်စခန်းအားလုံး သိမ်းပိုက်ခံရပြီးနောက် ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်

ဖေဖော်ဝါရီ၊ ၂၇   မင်းပြားမြို့နယ်ရှိ တပ်စခန်းအားလုံးကို လက်လွတ်ခံရပြီး နာရီပိုင်းအတွင်းမှာ စစ်ကောင်စီက ဆေးရုံနဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ အရပ်သား ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။   မင်းပြားမြို့နယ်ရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေတာရှည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၂ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက် ကျေးရွာသုံးရွာကို ဒီလ ၂၁ ရက် ၊ နေ့လည် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးအပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

AAသိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ်ကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲလို့စစ်ရှောင်ကလေးငယ်​တွေအပါအ၀င် ကိုးဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၄ ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ် ကျောက်ပြင်နဲ့ တောင်ဦးမော်ရွာတို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် စစ်ရှောင်ကလေးငယ်နဲ့အမျိုးသမီးတွေအပါအ၀င် ကိုးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညည့်သန်းခေါင်ချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AA သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ ရိုဟင်ဂျာ ခုနစ်ဦးထက်မနည်း သေဆုံး

ဖေဖော်ဝါရီ၊ ၁၂   ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးလာကြဲခဲ့လို့ ရိုဟင်ဂျာ ၇ ဦးထက်မနည်း သေဆုံးကာ တဆယ်နီးပါး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   မနေ့က ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပူးပါင်း တပ်သိမ်းပိုက်ထားတဲ့ ရဲစခန်းကို စစ်ကောင်စီ ဗုံးကြဲလို့ စစ်သုံ့ပန်းလေးဦးသေ၊ ဆယ်ဦးဒဏ်ရာရတယ်လို့ TNLAပြော

နိုဝင်ဘာ၊ ၂၀ တော်လှန်ရေး ပူးပေါင်းတပ်ကသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီက မနေ့ည ကိုးနာရီ ဝန်းကျင်မှာ ပေါင်ငါးရာဗုံးကြဲချခဲ့တာကြောင့် ရဲစခန်းထဲထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း လေးဦးသေဆုံးကာ ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ TNLA ကဒီကနေ့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ကြဲချခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]