နိုင်ငံရေး

ရေဦးမြို့က ဖလံဂုဏ်ရွာကိုစစ်ကောင်စီတပ်ဝင်ရောက်စီးနင်း၊ ရဲအုပ်တဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးသေဆုံး

မတ်၊ ၅ စစ်ကိုင်းတိုင်းဒေသကြီးထဲကစစ်အုပ်ချုပ်ရေးကြေငြာခံထားရတဲ့မြို့နယ်တွေထဲမှာတခုအပါအဝင်ဖြစ်တဲ့ ရေဦးမြို့နယ်က ဖလံဂုဏ်ရွာ ကိုစစ်ကောင်စီတပ်တွေကမနေ့ကနံနက်၄နာရီကနေ၅နာရီဝန်းကျင်အချိန်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပြည်သူ့ရဲတပ်ဖွဲ့က ရဲအုပ်တဦးအပါအဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့ပါတယ်။ “သူတို့ကရေဦးအနောက်ဘက်ကနေပိတ်ပြီးဝင်စီးတာ ။မနက်၄နာရီနဲ့၅နာရီကြားလောက်ကရွာမှာကင်းစောင့်နေတဲ့ပလဖတာဝန်ခံ(ပြည်သူ့လုံခြုံရေးအဖွဲ့)ကရဲအုပ်တဦးနဲ့ဒေသကာကွယ်ရေးတပ်ဖွင်၄ဦးကိုအသတ်ခံရတယ် “လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေကရွာစဉ်ပတ်ပြီးလှည့်လည်လူသတ်မီးရှို့နေတာတွေ ကြောင့် ဖလံဂုဏ်ရွာအနီးပါတ်ဝန်းကျင်က၁၀ရွာကလူဦးရေ၇၀၀၀ကျော်ဝန်းကျင်စစ်ရှောင်နေရတယ်လို့သိရပါတယ်။ စစ်အုပ်စု ရန်ကြောင့် ရေဦးမြို့နယ် အနောက်ခြမ်းကသံသည်၊ [ဆက်လက်ဖတ်ရှုရန်]