နိုင်ငံရေး

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြန်လွတ်မြောက်လာတယ်လို့သတင်းထွက်ပေါ်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာပြီလို့သူနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေဆီကသိရပါတယ်။ ကိုမြအေးဟာဆိုရင် စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက အကြောင်းပြချက်မဲ့ ဖမ်းဆီးခံလိုက်ရသူတွေထဲကတဦးဖြစ်ပြီးအကျဉ်းထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးရွားမှုကိုရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။ ဖမ်းဆီးသွားပြီးတဲ့နောက်မှာလည်း စစ်ကောင်စီက သူရဲ့လက်ကိုင်ဖုန်းထဲမှာရှိနေတဲ့ လွန်ခဲ့တဲ့ ၇ [ဆက်လက်ဖတ်ရှုရန်]