ပုသိမ်ကိုဗစ်လူနာသစ်(၁၂)ဦးတိုး၊ တစ်ဦးသေဆုံး

ပုသိမ်ကိုဗစ်လူနာသစ်(၁၂)ဦးတိုး၊ တစ်ဦးသေဆုံး

၂၅ ၊ ဒီဇင်ဘာ ၊၂၀၂၀ ။ ပုသိမ်မြို့မှာ မနေ့ကကိုဗစ်လူနာသစ်(၁၂)ဦးတွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်မြို့မရဲစခန်းမှာ အချုပ်ကြနေစဥ်ရောဂါတွေ့ခဲ့တဲ့ လူနာအမှတ်(၅၇၈)နဲ့ ဆက်စပ်ပြီး သူ့ရဲ့မိခင်ဖြစ်သူ၊ ညီနှစ်ယောက်နဲ့ ညီမဖြစ်သူမှာပါ ရောဂါတွေ့ရှိခဲ့တာပါ။ ငုဝါ(၃)လမ်းက ရောဂါရှိသူနဲ့ အဆောင်အတူနေခဲ့တဲ့ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးမှာလည်း ရောဂါတွေ့ခဲ့ပါတယ်။ မြန်မာနစ်တင်းသိုးမွှေးစက်ရုံကအထည်ချုပ်၀န်ထမ်းဖြစ်ပြီး ပိုးတွေ့သူတွေနဲ့အတူနေရာမှကူးစက်ခဲ့တာပါ။ ပုသိမ်မြို့မှာအနံပျောက်လို့လာပြတဲ့ ဥမ္မာဒန္တီ(၁)လမ်းကကွမ်းယာရောင်းတဲ့ အသက်(၄၃)နှစ်အရွယ်အမျိုးသား၊ သုံးဘီးဆိုင်ကယ်မောင်းသူ ကျောက်စရစ်ကုန်းက(၃၉)နှစ်အရွယ်အမျိုးသား၊ ပြည်တော်သာမှာနေထိုင်တဲ့ချိုင်မွန်စပေါ့ အထည်ချုပ်စက်ရုံက (၂၅)နှစ်အရွယ်အမျိုးသား၊ မြောင်းမြဘုန်းကြီကျောင်းမှာနေထိုင်တဲ့အသက်(၂၁)အရွယ်အမျိုးသားနဲ့ အောင်ချမ်းသာ(၅)လမ်းက…

Read More