နေ့စဉ် Online စနစ်နဲ့ ငွေပေးချေမှုတွေကို စစ်အုပ်စုစောင့်ကြည့်

နေ့စဉ် Online စနစ်နဲ့ ငွေပေးချေမှုတွေကို စစ်အုပ်စုစောင့်ကြည့်

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က နွေဦးထီကို စတင်ရောင်းချပြီးနောက်မှာ Online စနစ်နဲ့ ငွေပေးချေမှုတွေကို ဘဏ်နဲ့ငွေကြေးအဖွဲ့အစည်းတွေအားလုံးက ကြပ်မတ်စစ်ဆေးပြီး စောင့်ကြည့်သွားဖို့ အကြမ်းဖက်စစ်အုပ်စုက လျှို့ဝှက်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ငွေပေးပို့သူ ငွေလက်ခံသူတွေကို သေချာစွာစောင့်ကြည့်ပြီးတော့ ဘာ့ကြောင့်ငွေပေးချေရတဲ့အကြောင်းအရင်းကိုပါ စိစစ်သွားပြီး ပြည်သူတွေအနေနဲ့ နွေဦးထီကို ကံစမ်းအားပေးခြင်းမပြုနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ။   အကြမ်းဖက်စစ်အုပ်စုက ရောင်းချနေတဲ့အောင်ဘာလေထီကို ထီထိုးကံစမ်းသူမရှိဖြစ်ပေါ်ချိန်မှာ နွေဦးထီဟာ ရောင်းချချိန်နာရီပိုင်းအတွင်းမှာပဲ သတ်မှတ်ရောင်းချလိုတဲ့ ပမာဏအပြည့် ရောင်းချနိုင်သည့် အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။

Read More
နာရီပိုင်းအတွင်း ရောင်းကုန်သွားတဲ့ နွေဦးထီ

နာရီပိုင်းအတွင်း ရောင်းကုန်သွားတဲ့ နွေဦးထီ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၁၅ရက်နေ့ ညနေ ၄နာရီမှာ စတင်ရောင်းချခဲ့တဲ့ အောင်လံလွှင်ချီနွေဦးထီဟာ ရောင်းချပြီး တစ်နာရီကျော်ကြာမှာပဲ ရောင်းချဖို့သတ်မှတ်ထားတဲ့ ပမာဏပြည့်သွားခဲ့တယ်လို့ ထီရောင်းချတဲ့ websiteမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ရောင်းချဖို့ သတ်မှတ်ထားတဲ့ အစောင်ရေဟာ ငါးသောင်းဖြစ်ပြီးတော့ နာရီပိုင်းအတွင်းမှာပဲ အကုန်ရောင်းချနိုင်ခဲ့တာပါ။ ထီတစ်စောင်ကို ၂၀၀၀ ကျပ်နှုန်းသတ်မှတ်ပြီး လူတစ်ဦးကို အနည်းဆုံး ၅စောင်မှ အစောင်၅၀ထိကိုသာ ထီထိုးကံစမ်းခွင့်ပေးထားတဲ့ နွေဦးထီဟာ ရောင်းချရရှိငွေအားလုံးရဲ့ ၇၀ရာခိုင်နှုန်းဟာ CDMပြုလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ကူညီသွားမှာဖြစ်တယ်လို့…

Read More
အောင်လံလွှင့်ချီ နွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့ စရောင်းမယ်

အောင်လံလွှင့်ချီ နွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့ စရောင်းမယ်

၁၃ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ဦးစီးပြီး ဖွင့်လှစ်မယ့် အောင်လံလွှင့်ချီ နွေဦးထီကို ဒီလ ဩဂုတ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့မှာ စတင် ဖွင့်လှစ်ရောင်းချသွားမယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်က ကြေညာသွားခဲ့ပါတယ်။ ထီတစောင်ကို နှစ်ထောင်ကျပ်သတ်မှတ်ထားပြီး လူတဦးလျှင် အနည်းဆုံး ၅ စောင် ၊ ကျပ်ငွေ တသောင်းဖိုးကနေ စတင်ပြီး…

Read More