တွံတေးမှာ စစ်တပ်လက်ချက်နဲ့ တရက်တည်း အရပ်သားနှစ်ဦး သေဆုံး
ရန်ကုန်မြို့၊တွံတေးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ တရက်တည်းမှာပဲ အရပ်သားနှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ တွံတေးမြို့နယ်ဒေသခံတွေက DNAကိုပြောပါတယ်။ “အဲ့နေ့ကကြားတာက နှစ်ယောက်လုံးကို ရှော့လိုက်(သတ်ဖြတ်လိုက်)ပြီး DB(အလောင်း) ပြန်မပေးဘူး သိရတာ၊ နောက်မှ ဆေးရုံပို့တယ်သိရတာ”လို့ တွံတေးမြို့နယ်ဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]