စစ်ကောင်စီကမနေ့က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ အရာတော်မြို့နယ်၊တောင်ပိုင်း မလဲသာကျေးရွာနဲ့တဝိုက်ကမလဲသာကုန်းတောဒေသတွေကို Mi35 တိုက်ခိုက်ရေးရဟက်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်ကအရာတော်၊ ရွှေဘိုနဲ့ဝက်လက်မြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်တရက် ဒီကနေ့မှာအရာတော်မြို့နယ်ကိုလေကြောင်းကတိုက်ခိုက်လာတာပါ။ “လေကြောင်းပစ်ခတ်မှူကခုနက၂နာရီကျော်လောက်ကလာပစ်သွားတာ။ထောက်ပို့လွှတ်တာလဲ၃ကြိမ်နဲ့တခါကို(၃၀)ဝန်းကျင်ဆိုတော့ရာဂဏာန်းဝန်းကျင်တော့ရှိမယ်။မနေ့ကမင်းရွာမှာနေ့လည်၁နာရီလောက်ကစလုပ်သွားတာ နှစ်ရက်အတွင်း မင်းရွာ ၊ မလဲသာ၊ကန်ရင်း၊ သခွပ်ပင်နဲ့အနီးဝန်းကျင်ကလူဦးရေ တသောင်းလောက်စစ်ရှောင်နေရတယ် ။မနေ့တုန်းကမင်းရွာမှာတိုက်ပွဲ၃ကြိမ်ဖြစ်တယ် ။သူတို့မင်းရွာတိုက်ပွဲမှာမိုင်းမိပြီးအထိနာထားတယ်။အဲ့တာကြောင့်လေကြောင်းပစ်ခတ်မှူလုပ်တာဖြစ်နိုင်တယ်”လို့အရာတော်မြို့ကဒေသတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့အရာတော်ပိုစ့်က [ဆက်လက်ဖတ်ရှုရန်]