NUG နဲ့ PNFC တို့ပူးပေါင်းပြီးငွေတိုက်စာချုပ်စတင်ရောင်းချ

NUG နဲ့ PNFC တို့ပူးပေါင်းပြီးငွေတိုက်စာချုပ်စတင်ရောင်းချ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ PNFC တို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် EOD ရှယ်ယာနဲ့ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပြည်ပမှာ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းNUGက ဒီနေ့ဇွန်လ ၂၈ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ စစ်အာဏာရှင်အပါအဝင်အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေးနဲ့ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးကိုနည်းလမ်းပေါင်းစုံနဲ့တိုက်ပွဲဝင်နေကြတဲ့ပအိုဝ်းတော်လှန်ရေးအင်အားစုတွေကိုထောက်ပံနိုင်ဖို့အတွက်ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပြည်ပကဝယ်ယူနိုင်အောင် စတင်ရောင်းချပေးနေပြီလို့ဆိုပါတယ်။ ပြည်တွင်းမှဝယ်ယူလိုသူတွေအတွက်https://www.facebook.com/Paonationalfederalcouncilpnfc လူမူကွန်ယက်စာမျက်နှာမှာဝယ်ယူနိုင်ပြီး နိုင်ငံတကာမှဝယ်ယူလိုသူတွေအတွက် https://www.facebook.com/GlobalPaOFamily လူမူကွန်ယက်စာမျက်နှာတွေမှာဝယ်ယူ နိုင်ကြောင်းထည့်သွင်းထုတ်ပြန်ထားတာပါ။

Read More
ဩစတြေးလျမှာ ငွေတိုက်စာချုပ် ဩစတြေးလျဒေါ်လာ သုံးသိန်းရှစ်သောင်းကျော်ဖိုး ရောင်းချပြီးဖြစ်

ဩစတြေးလျမှာ ငွေတိုက်စာချုပ် ဩစတြေးလျဒေါ်လာ သုံးသိန်းရှစ်သောင်းကျော်ဖိုး ရောင်းချပြီးဖြစ်

ဩစတြေးလျနိုင်ငံက NUG အစိုးရကို ကူညီပံ့ပိုးလိုသူတွေအနေနဲ့ အထူးငွေတိုက်စာချုပ် ဩစတြေးလျ ဒေါ်လာသုံးသိန်းရှစ်သောင်းကျော်ဖိုး ဝယ်ယူပြီးဖြစ်တယ်လို့ သိရပါတယ်။ ဩစတြေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စားလှယ်ရုံးဟာ Authorised Agent AA007 အဖြစ် United Bonds တွေကို ဇန်နဝါရီ ၂၃ ရက်နေ့က စတင်ရောင်းချပေးခဲ့ရာ မတ်လ ၁၄ ရက်အထိ ဝယ်ယူသူပေါင်း ၄၆၅ ဦးရှိခဲ့ပြီး ဝယ်ယူငွေ ဩစတြေးလျဒေါ်လာ သုံးသိန်းရှစ်သောင်းတစ်ထောင်ကို NUG အစိုးရထံ ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့…

Read More
ဗစ်တိုးရီးယား ပြည်နယ်မှာ ငွေတိုက်စာချုပ်နဲ့ ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော် ရရှိ

ဗစ်တိုးရီးယား ပြည်နယ်မှာ ငွေတိုက်စာချုပ်နဲ့ ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော် ရရှိ

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကျင်းပတဲ့ NUG အစိုးရ ငွေတိုက်စာချုပ် ရောင်းချပွဲနဲ့ ဈေးရောင်းပွဲမှာ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက်နေ့၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနေ့မှာ ငွေတိုက်စာချုပ်နဲ့ ဈေးရောင်းပွဲတော်ကို NUG/CRPH Support Group Australia က ဦးဆောင်ကာ မဲလ်ဘုန်းမြို့က Oakleigh Town Hall မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ငွေတိုက်စာချုပ် ဩစတြေးလျဒေါ်လာ လေးသောင်းကျော်ဖိုးနဲ့ ဈေးရောင်းပွဲကနေ…

Read More
ဒေါ်လာသိန်းသန်းချီ ငွေတိုက်စာချုပ် ဝယ်ယူသူတွေရှိ

ဒေါ်လာသိန်းသန်းချီ ငွေတိုက်စာချုပ် ဝယ်ယူသူတွေရှိ

NUG အစိုးရရဲ့ ငွေတိုက်စာချုပ်တွေကို ဒေါ်လာသိန်းသန်းချီ ဝယ်ယူသူတွေရှိတယ်လို့ သိရပါတယ်။စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မတ်လ ၃ ရက်နေ့အထိ ထုတ်ဝေရောင်းချခဲ့ပြီးဖြစ်တဲ့ ငွေတိုက်စာချုပ်တွေကို ယမန်နေ့က ထုတ်ပြန်ရာမှာ အဲဒီလို ထည့်သွင်းဖော်ပြခဲ့တာပါ။ မတ်လ ၃ ရက်နေ့အထိ ထုတ်ဝေရောင်းချခဲ့ပြီးတဲ့ ငွေတိုက်စာချုပ်စုစုပေါင်း ၆၁၀၇၄ စောင်ရှိပြီလို့ သိရပါတယ်။ဒေါ်လာ၁၀၀ တန် ငွေတိုက်စာချုပ်တွေကို ၃ လအထိ ဖြည်းဖြည်းချင်းစုပြီး ဝယ်တဲ့သူတွေလည်း ပါတယ်လို့လည်းဆိုပါတယ်။ ‘ကိန်းဂဏန်းအတိအကျ မပြောနိုင်ပေမဲ့…

Read More
နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ ၁သိန်း၆သောင်း ရှစ်ထောင်ကျော် ဖိုး ရောင်းချနိုင်ခဲ့

နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ ၁သိန်း၆သောင်း ရှစ်ထောင်ကျော် ဖိုး ရောင်းချနိုင်ခဲ့

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ငွေတိုက်စာချုပ် ရောင်းပွဲတစ်ခုကို နယူးယောက်မြို့ Queens ရပ်ကွက် Flushing Town Hall မှာ ဖေဖေါ်ဝါရီလ ၂၇ ရက် မနေ့က ပြုလုပ်ခဲ့ပြီးအဲဒီ့နေ့တစ်ရက်ထဲမှာပဲ ၃ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းရှစ်ထောင်ကျော် ရရှိခဲ့ကြောင်း သိရပါတယ်။ ငွေတိုက်စာချုပ်ကို ပြည်သူ ၃၀၀ ခန့်က ဝယ်ယူအားပေးခဲ့ကြပြီး ပွဲစီစဉ်သူများက NUG ကိုယ်စား အမှတ်တရလက်ဆောင်များ…

Read More
NUGငွေတိုက်စာချုပ်ရောင်းချမှုကို ပြဿနာတချို့ ဖြေရှင်းပြီးတဲ့အထိ ဆက်လက်ရပ်ဆိုင်းထားမယ်

NUGငွေတိုက်စာချုပ်ရောင်းချမှုကို ပြဿနာတချို့ ဖြေရှင်းပြီးတဲ့အထိ ဆက်လက်ရပ်ဆိုင်းထားမယ်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ NUGအစိုးရ ရဲ့ ငွေတိုက်စာချုပ်ရောင်းချမှုကို ပြဿနာတချို့ ဖြေရှင်းပြီးတဲ့အထိ ဆက်လက်ရပ်ဆိုင်းထားမယ်လို့  NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကသတင်းထုတ်ပြန်ပါတယ်။ ချက်သမ္မတနိုင်ငံမှာရှိတဲ့ NUGအစိုးရရဲ့ ဘဏ်ငွေစာရင်းထဲ  ငွေလွှဲပြောင်း ပေးပို့ရာမှာနိုင်ငံတကာက အမည်ပျက်စာရင်းသွင်းခြင်း ခံထားရတဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေနဲ့ နာမည်တူနေတဲ့ ငွေတိုက်စာချုပ်ဝယ်ယူသူတွေရဲ့ ကိစ္စရပ်တွေကို ဘဏ်နဲ့ ညှိနှိုင်းဖြေရှင်းနေပြီး ငွေတိုက်စာချုပ်တွေ ရောင်းချခြင်းကို ပြဿနာတွေ ဖြေရှင်းပြီးချိန်အထိ မလွှဲမရှောင်သာ ဆက်လက်ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ဆိုပါတယ်။   ပြီးခဲ့တဲ့အပတ်အတွင်းက ရောင်းချခဲ့တဲ့…

Read More
ယမန်နေ့ည၁၂နာရီမှာ NUGငွေတိုက်စာချုပ် ကန်ဒေါ်လာ၆သန်းကျော်ဖိုး ရောင်းချရ

ယမန်နေ့ည၁၂နာရီမှာ NUGငွေတိုက်စာချုပ် ကန်ဒေါ်လာ၆သန်းကျော်ဖိုး ရောင်းချရ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ယမန်နေ့ည ၁၂နာရီမှာ NUG နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ၆သန်းကျော် ဖိုးရောင်း ချနိုင်ခဲ့တယ်လို့ Public Voice Television(PVTV)ကထုတ်ပြန်ပါတယ်။ မနေ့ည၁၂နာရီမှာ အထူးငွေတိုက်စာချုပ် ၆ဒဿမ၃သန်း ရောင်းချနိုင်ခဲ့ပြီး ငေွတိုက်စာချုပ်စတင်ရောင်းချပြီး ၂နာရီအတွင်း အမေရိကန်ဒေါ်လာ၂သန်းဖိုးရောင်းချနိုင်ခဲ့ပါတယ်။ ယမန်နေ့မနက်ပိုင်းကစတင်ပြီး အမေရိကန်ဒေါ်လာသန်း၂၀၀ဖိုးရှိတဲ့ အထူးငွေတိုက်စာချုပ်တွေကို အနည်း ဆုံးအမေရိကန်ဒေါ်လာ၁၀၀ကနေ ဒေါ်လာ၅၀၀၊ဒေါ်လာ၁၀၀၀နဲ့ဒေါ်လာ၅၀၀၀အထိ ရောင်းချပေးနေ ပါတယ်။ ငွေတိုက်စာချုပ်တွေဟာ အတိုးမဲ့ ၂နှစ်သက်တမ်းဖြစ်ပြီး ရရှိလာတဲ့ငွေတွေကို နွေဦးတော်လှန်ရေးမှာအ သုံးပြုသွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရက…

Read More