ဩစတြေးလျမှာ ငွေတိုက်စာချုပ် ဩစတြေးလျဒေါ်လာ သုံးသိန်းရှစ်သောင်းကျော်ဖိုး ရောင်းချပြီးဖြစ်

ဩစတြေးလျနိုင်ငံက NUG အစိုးရကို ကူညီပံ့ပိုးလိုသူတွေအနေနဲ့ အထူးငွေတိုက်စာချုပ် ဩစတြေးလျ ဒေါ်လာသုံးသိန်းရှစ်သောင်းကျော်ဖိုး ဝယ်ယူပြီးဖြစ်တယ်လို့ သိရပါတယ်။
ဩစတြေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စားလှယ်ရုံးဟာ Authorised Agent AA007 အဖြစ် United Bonds တွေကို ဇန်နဝါရီ ၂၃ ရက်နေ့က စတင်ရောင်းချပေးခဲ့ရာ မတ်လ ၁၄ ရက်အထိ ဝယ်ယူသူပေါင်း ၄၆၅ ဦးရှိခဲ့ပြီး ဝယ်ယူငွေ ဩစတြေးလျဒေါ်လာ သုံးသိန်းရှစ်သောင်းတစ်ထောင်ကို NUG အစိုးရထံ ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဝယ်ယူခဲ့သူ ၅ ဦးဟာ ပုံစံဖြည့်သွင်းစဉ်နဲ့ ဘဏ်ကိုငွေလွှဲစဉ် အချက်အလက်မှားယွင်းမှုကို ပြင်ဆင်ပေးနေတယ်လို့လည်း ဩစတြေးလျနိုင်ငံဆိုင်ရာ NUG အစိုးရ ကိုယ်စားလှယ်ရုံးကဒီကနေ့ ထုတ်ပြန်ပါတယ်။
NUG အစိုးရ ကိုယ်စားလှယ်ရုံး အနေနဲ့ ငွေတိုက်စာချုပ်တွေကို ဆက်လက်ရောင်းချပေးနေတယ်လို့လည်း ဆိုပါတယ်။