ချေးငွေဝန်ထမ်းတွေဆီက သိန်းတစ်ရာကျော် လုယက်သူကို ဖမ်းမိပြီ

ချေးငွေဝန်ထမ်းတွေဆီက သိန်းတစ်ရာကျော် လုယက်သူကို ဖမ်းမိပြီ

၂၀ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။(သတင်းတို) ဓါးနဲ့ခြိမ်းခြောက်ပြီး ငွေကျပ်သိန်းတစ်ရာကို လုယက်သွားတဲ့အမှုတစ်ခု ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့ပါတယ်။ ငပုတောမြို့နယ် ကုလားမတောင်ကျေးရွာမှာ နိုဝင်ဘာ ၁၉ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ Pact Myanmarအသေးစားချေးငွေလုပ်ငန်းက ၀န်ထမ်း(၇)ဦးဟာ ငွေတွေကိုရေတွက်နေချိန် ရဲမင်းဇော်ဆိုသူက ဓါးနဲ့ခြိမ်းခြောက်ပြီး အသင့်ပါလာတဲ့ ကျောပိုးအိတ်ထဲကို ငွေကျပ်သိန်းတစ်ရာကျော်နဲ့ ဖုန်း၃လုံး လုယူထွက်ပြေးသွားခဲ့တာပါ။ အဲဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး ငပုတောမြို့နယ်ရဲတပ်ဖွဲ့နဲ့ ပုသိမ်ခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်တို့ ပူးပေါင်းပြီး…

Read More