ချေးငွေဝန်ထမ်းတွေဆီက သိန်းတစ်ရာကျော် လုယက်သူကို ဖမ်းမိပြီ

၂၀ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။(သတင်းတို)

ဓါးနဲ့ခြိမ်းခြောက်ပြီး ငွေကျပ်သိန်းတစ်ရာကို လုယက်သွားတဲ့အမှုတစ်ခု ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့ပါတယ်။

ငပုတောမြို့နယ် ကုလားမတောင်ကျေးရွာမှာ နိုဝင်ဘာ ၁၉ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ Pact Myanmarအသေးစားချေးငွေလုပ်ငန်းက ၀န်ထမ်း(၇)ဦးဟာ ငွေတွေကိုရေတွက်နေချိန် ရဲမင်းဇော်ဆိုသူက ဓါးနဲ့ခြိမ်းခြောက်ပြီး အသင့်ပါလာတဲ့ ကျောပိုးအိတ်ထဲကို ငွေကျပ်သိန်းတစ်ရာကျော်နဲ့ ဖုန်း၃လုံး လုယူထွက်ပြေးသွားခဲ့တာပါ။

အဲဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး ငပုတောမြို့နယ်ရဲတပ်ဖွဲ့နဲ့ ပုသိမ်ခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်တို့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးခဲ့ရာ ဒီကနေ့မနက်၅နာရီမှာ ကျူးလွန်သူ ရဲမင်းဇော်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ခြိမ်းခြောက်လုယက်ခဲ့တဲ့ ရဲမင်းဇော်ကို ငပုတော မြို့မရဲစခန်းကနေ (ပ)၃၉၆/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ၃၈၆နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

Delta News

Read Previous

ကိုဗစ်ရောဂါရှိတဲ့မိခင် ကလေးကို နို့ တိုက်‌ကျွေးလို့ရပါသလား?

Read Next

လာမယ့် နှစ်ရက်အတွင်း ဧရာဝတီမှာ ညအပူချိန်တိုးမယ်