ကိုဗစ်ရောဂါရှိတဲ့မိခင် ကလေးကို နို့ တိုက်‌ကျွေးလို့ရပါသလား?

ရေးသားသူ – ဒေါက်တာသော်ဇင်ငြိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှု ဆရာဝန်)

၁၈ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။

Covid 19 positive (ဓါတ်ခွဲ အတည်ပြုပြီး)ဖြစ်သည့် နို့တိုက် မိခင်အနေဖြင့် ကလေးကို နို့ ဆက်လက်တိုက်‌ကျွေးလို့ရပါသလား။

YES , ဆက်လက် တိုက်ကျွေးနိုင်ပါတယ်။ နို့တိုက်မိခင်များအနေနဲ့ ကလေးကို နို့ဖြတ်စရာမလိုပါဘူး။

နို့ချိုတိုက်ကျွေး နေစဉ်မှာ မိခင်အနေနဲ့
Mask တပ်ထားပါ။
နို့ချို မတိုက်ကျွေးမီ လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့ စက္ကန့်နှစ်ဆယ် ဆေးကြောပါ။

Covid 19 virus ပိုးဟာ မိခင်နို့ရည်မှတဆင့် ကလေးဆီသို့ ကူးစက်နိုင်သည့် အထောက်အထား မတွေ့ရှိ‌သေးပါ။

နို့ချို တိုက်ကျွေးရာတွင် မိခင်နှင့်ကလေး နီးကပ်စွာ ထိတွေ့နေသည့်အတွက် ကူးစက်နိုင်ခြေရှိသည့်တိုင်အောင် မိခင်နို့ရည်တွင် ကလေးအတွက် ကိုယ်ခံအားနှင့် အာဟာရဓါတ်များလွန်စွာကြွယ်ဝသည့်အတွက် ဆက်လက်တိုက်ကျွေးဖို့ကိုသာ ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးမှ အားပေးထောက်ခံထားပါတယ်။

မိခင်မှာ ရောဂါပြင်ထန်သည့်တိုင် မိခင်ရဲ့ နို့ရည်ကို ညှစ်ထုတ်ထားပြီး တိုက်ကျွေးသည့် နည်းကို အသုံးပြုနိုင်ပါတယ်။

ကိုးကား – ကမ္ဘာကျန်းမာရေးအဖွဲ့ World Health Organization

Delta News

Read Previous

<ပြည်သူများအတွက်> “ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခြေအနေ”

Read Next

ချေးငွေဝန်ထမ်းတွေဆီက သိန်းတစ်ရာကျော် လုယက်သူကို ဖမ်းမိပြီ