ဂန့်ဂေါ၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား ၄ဦးကို ဖမ်းဆီးထား

ဂန့်ဂေါ၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား ၄ဦးကို ဖမ်းဆီးထား

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား လေးယောက်ကို ဒီကနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရွာလယ်ပိုင်းက ကိုမင်းဆက်နိုင်နဲ့ဇနီးဖြစ်သူ မမျိုးမျိုးဝင်း၊ကန်ရွာတောင်ပိုင်းက ဦးလှပို၊ဦးထွန်းအေးတို့ဖြစ်တယ်လို့ ကန်ရွာဒေသခံတွေက DNAကို ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ကိုမင်းဆက်နိုင်နဲ့သူရဲ့ဇနီးကို ဆက်သွယ်ရေးနဲ့ပတ်သက်တာကြောင့် ဖမ်းဆီးတာဖြစ်ပြီး ဦးထွန်းအေးကိုတော့ သားဖြစ်သူဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင် ဖြစ်တာကြောင့် ဖမ်းဆီးသွားတာဖြစ််လို့ ဒေသခံတွေက ပြောပါတယ်။ ဦးလှပိုကိုတော့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။…

Read More